Sunday, November 2, 2014

Super Series Myanmar 2014-2015 ပိုက်ကျော်ခြင်းပြိုင်ပွဲ အကြိုဗိုလ်လု




နေပြည်တော်  နိုဝင်ဘာ 
မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်း အဖွဲ့ချုပ် (ISTAF) Super Series Myanmar 2014-2015 ပိုက်ကျော် ခြင်းပြိုင်ပွဲ အကြိုဗိုလ်လုပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ကျင်းပသည်။ အမျိုးသား အကြိုဗိုလ်လုပွဲများ တွင် မလေးရှားက မြန်မာကို(၂၁-၁၁) (၂၁-၁၄)မှတ်ဖြင့် လည်းကောင်း၊ ထိုင်းက စင်ကာပူကို(၂၁-၁၁) (၂၁-)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး အကြို ဗိုလ်လုပွဲများတွင် ဗီယက်နမ်က မြန်မာကို (၂၁-၁၆) (၂၁-၂၃) (၂၁- ၁၃)မှတ်ဖြင့်လည်းကောင်း၊ ထိုင်းက အင်ဒိုနီးရှားကို (၂၁-၁၆)(၂၁-)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိ ကြကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားကြသည်။

အမျိုးသားနောက်ဆုံး ဗိုလ်လုပွဲ တွင်မလေးရှားနှင့် ထိုင်း၊ အမျိုးသမီး နောက်ဆုံးဗိုလ်လုပွဲတွင် ဗီယက်နမ် နှင့် ထိုင်းတို့ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ မြန်မာအမျိုးသား၊ အမျိုးသမီးအသင်း တို့မှာ တတိယနေရာလုပွဲ ယှဉ်ပြိုင်ကြ ရမည်ဖြစ်သည်။ အမျိုးသား အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းသည် အကောင်းဆုံး မကစားနိုင်ခဲ့ဘဲ မလေးရှားအသင်းကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ပြီး၊ အမျိုးသမီး အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ပထမပွဲငယ်နှစ်ပွဲတွင် သူတင် ကိုယ်တင် ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း နောက်ဆုံး အဆုံးအဖြတ်ပွဲတွင် အမှား အယွင်းများစွာဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဗီယက်နမ်အသင်းက နည်းဗျူဟာပိုင်းသာလွန်၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးဗိုလ်လုပွဲများကို နိုဝင် ဘာ ရက် နံနက် ၁၁ နာရီတွင်ဆက်လက်ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment