Sunday, November 30, 2014

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး အခွန်ထမ်း ပြည်သူများအား တွေ့ဆုံ၍ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများ ဆွေးနွေးပြောကြား

မြိတ် နိုဝင်ဘာ ၂၉ ရက်
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် တနင်္သာရီ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် အတူ နိုဝင် ဘာလ(၂၉)ရက် နံနက် (၉း၃၀) နာရီက မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲ ရတနာခန်းမတွင် ကျင်းပသည့် တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင်/မြို့နယ် စီမံခန်ခွဲမှုကော်မတီ၊ မြို့နယ်/ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီများ၊


 
  စည်ပင်သာယာရေး ကော်မတီများ၊  အခွန်ထမ်းပြည်သူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင် များနှင့် တွေ့ဆုံပွဲ သို့ တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးပြုပြင် ပြောင်းလဲမှု၊ ပုဂ္ဂလိက ပိုင်းဆိုင်ရာ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဆောင်ရွက် နေသော လုပ်ငန်းတာဝန် များနှင့် ဆောင်ရွက် လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊ အခွန် ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ အကြောင်းကို လည်းကောင်း၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက် အကူပြုသည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံတော်အတွက် မလွဲမသွေဆောင်ရွက်ရမည့် အခွန် အကောက်ဆိုင်ရာ ဥပဒေနည်းဥပဒေပါ ရသင့်ရထိုက်သော အခွင့်အရေးများကို အခွန်ထမ်းပြည်သူများက ထဲထဲ ၀င်ဝင် လေ့ လာပြီး ရယူဆောင်ရွက်တတ်ရန်နှင့် အခွန်ထမ်းပြည်သူများမှ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က အခွန်ဆိုင်ရာကိစ္စရပ် များနှင့် လုပ်ငန်းလိုအပ်ချက်များ အကြောင်းကို လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက ကုန်သွယ်မှုအကောက်ခွန် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ အကြောင်းကိုလည်းကောင်း ဆွေးနွေး ပြောကြား ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက် လာကြသူများက ပွင့်လင်းမြင်သာစွာ မေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြပြီး ပြည်ထောင်စု ၀န်ကြီးက နိဂုံးချုပ်စကားပြောကြား၍ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

1 comment: