Sunday, November 2, 2014

ကွန်တိန်နာတစ်စီး ဘရိတ်ပေါက်၍အငှားယာဉ်နှင့် ဈေးဆိုင်ခန်းများအား ဝင်ရောက်တိုက်မိ




ရန်ကုန်  နိုဝင်ဘာ 
ရန်ကုန် မြောက်ပိုင်းခရိုင် အင်း စိန်မြို့နယ် မြို့သစ်( က+) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် အောက် တိုဘာ ၃၁ ရက် နာရီ မိနစ် ၄၀ ခန့်က ကွန်တိန်နာ ၁၀ ဘီး ယာဉ်တစ်စီး ဘရိတ်ပေါက်၍ / လမ်းထိပ်ရှိ ဓာတ်တိုင်၊ အငှားယာဉ်၊ ကွမ်းယာဆိုင်နှင့် ကားဝပ်ရှော့ဆိုင်တို့ ကို ဝင်ရောက်တိုက်မိခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ ဘုရင့်နောင်လမ်းမ ကြီးအတိုင်း ရန်ကုန်ဘက်မှ ပေါက် တောဝဘက်သို့ ယာဉ်မောင်း နေဝင်း အောင်(၂၈ နှစ်) ဖိုလေးလုံးကျေးရွာ မကွေးမြို့နယ်နေသူ မောင်းနှင် လာသော H/ ----ကွန်တိန်နာ ၁၀ ဘီးယာဉ်သည် မြို့သစ်(က+) ရပ်
ကွက်၊ / လမ်းထိပ်အရောက်တွင် ဘရိတ်ရှူးပေါက်၍ ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိကာ ဓာတ်တိုင်နား တွင် ရပ်ထားသော အငှားယာဉ်နှင့် ကိုထင်ကျော် ကွမ်းယာဆိုင်၊ လှိုင်မင်း ကားပြင်ဆိုင်တို့ကို ဆက်လက်တိုက် မိရာ ဓာတ်တိုင်မှာ တိမ်းစောင်းသွား ခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေ (၁၄) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်မောင်းနေဝင်းအောင်ကို အရေး ယူထားပြီး မြို့နယ်လျှပ်စစ်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့က လျှပ်စစ်ဓာတ်အား လိုင်းများကို လာရောက်စစ်ဆေး သည်။ ယင်းဖြစ်စဉ်တွင် တစ်ဦးတစ် ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။



No comments:

Post a Comment