Sunday, November 30, 2014

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေး ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တွေ့ဆုံဆွေးနွေး

ရန်ကုန် နိုဝင်ဘာ ၃၀
ရထားပို့ဆောင်ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး Mr. YANG Chuantang နှင့်အဖွဲ့သည် မနေ့က ညနေပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှိ ဒဂုံခန်းမသို့ လာရောက် တွေ့ ဆုံ ခဲ့ကြောင်း သိရသည်။


ယင်းသို့ တွေ့ဆုံရာတွင် အာဆီယံ-တရုတ် ပို့ဆောင်ရေးကဏ္ဍတွင် ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ-အိန္ဒိယ-တရုတ် စီးပွားရေးစင်္ကြံ အတွင်း ပို့ဆောင် ဆက်သွယ်ရေး ကိစ္စရပ်များ နှင့် ယခင်ရရှိထားပြီးဖြစ်သည့်  သဘောတူညီချက်များကို နှစ်နိုင်ငံ အကျိုးအတွက် အမြန်ဆုံး အကောင်ထည်ဖော်လိုသည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းနှင့် နိုင်ငံတကာ သဘောတူညီချက်များ၊ စာချုပ်များ လိုက်နာပြီး နှစ်နိုင်ငံအချင်းချင်း ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ၊ သဘောတူစာချုပ် များကို ညှိနိုင်း အကောင်အထည် ဖေါ်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေး တိုးတက်ရန် အတွက် ပို့ဆောင်ဆက်သွယ်ရေးကောင်းမွန် ရမည်ဖြစ်ပါသဖြင့် ကားလမ်း၊ ရထားလမ်းများ တိုးတက်ကောင်း မွန်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးကဏ္ဍ၌ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှု အတွက် ပြည်တွင်း၊ ပြည်ပကုမ္မဏီများကို ပွင့်လင်းမြင်သာသော ယှဉ်ပြိုင်မှုစနစ်ဖြင့် ဖိတ်ခေါ် ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ပတ်ဝန်ကျင်ဆိုင်ရာ သက်ရောက် မှုဆန်းစစ်ချက်(EIA)၊ လူမှုဆိုင်ရာသက်ရောက်မှု ဆန်းစစ်ချက် (SIA)များကို ကြိုတင်လေ့လာ ပြီးမှသာ ဒေသခံ ပြည်သူလူထု နှစ်ဖက်အကျိုးစီးပွား မထိခိုက်စေသည့်လုပ်ငန်းများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားပါသည်။ အဆိုပါဆွေးနွေး ပွဲတွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment