နေပြည်တော်၊ အောက်တိုဘာ ၆
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွှတ်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့်
Triathlon နည်းပြသင်တန်း အဆင့်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင်
နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်းရှိ အားကစားသင်တန်း ခန်းမတွင်ကျင်ပရာ မြန်မာနိုင်ငံ
အိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်အမှာစကား
ပြောကြားပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်း
တိုးတက်မြင့်မားရေး လုပ်ငန်းများကို အရှည်သဖြင့်စီမံချက်များချမှတ်ပြီး ဆောင်ရွက်အကောင်အထည်ဖော်ရာမှာ
ပထမခြေလှမ်း အဖြစ် အရှေ့တောင်အာရှ နိုင်ငံများအလယ်မှာ ဗိုလ်စွဲအနိုင်ရရှိရေးအတွက် ဦးစွာကြိုးပမ်းသွားကြရမှာ
ဖြစ်ကြောင်း၊ အာရှနိုင်ငံ များအတွင်း အောင်မြင်မှုများရရှိရေးနဲ့ နောက်ဆုံးအဆင့်အဖြစ်
ကမ္ဘာ့နိုင်ငံများ အလယ်မှာ အောင်မြင်မှုတွေ ဆက်လက် ရရှိလာအောင် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်သွားဖို့
လိုအပ်ပါကြောင်း၊ ယနေ့ခေတ်မျက်မှောက် နိုင်ငံတကာ အားကစား အဆင့်အတန်းနဲ့ အာကစား လှုပ်ရှားမှုများကို
လေ့လာသုံးသပ် ကြည့်မယ်ဆိုရင် ယေဘူယျအားဖြင့် အားကစားအဆင့် အတန်းကွာဟချက်မှာ အလွန်ကြီးမားနေမှုများ
ရှိနေကြောင်း၊ ဒီလိုမညီမျှမှု ဖြစ်နေချက်တွေကို အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီအနေနဲ့ရော
အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ အနေနဲ့ပါ အတက်နိုင်ဆုံး ညီမျှသွားအောင် ကြိုးပမ်းပူးပေါင်း
ဆောင်ရွက်ပေးသွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံမှ ကျင်းပပြုလုပ်မည့်
(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ
ထည့်သွင်း ကျင်းပမယ့် Triathlon ပြိုင်ပွဲအတွက် မြန်မာ့ Triathlon အားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးကို အဓိကထား
ကြိုးပမ်း လေ့ကျင့်စေလိုကြောင်း၊ ဒီလိုလေ့ကျင့်မှုများကိုပြုလုပ်ရန်မှာ အရည်အချင်းပြည့်ဝသည့်
နည်းပြကောင်းများ လိုအပ်ပါကြောင်း၊ နည်းပြကောင်းများရှိမှသာ အားကစားသမားကောင်းများကို
မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ
စတင်ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်အထိ တိုတောင်းလှတဲ့အချိန်အတွင်း Triathlon အားကစားနည်း
ပိုမိုတိုးတက် ကျယ်ပြန့်လာစေပြီး၊ စနစ်တကျ လေ့ကျင့်သင်ကြား ပေးမည့် လုပ်ငန်းတွေမှာ
အထောက်အကူ ရစေရေးအတွက် ယခုလို Triathlon အားနည်းပြသင်တန်းကို ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ကြောင်း၊
ဒီသင်တန်းကို တက်ရောက်လာကြတဲ့ သင်တန်းသားများအနေနဲ့ ယခုသင်တန်းမှစာတွေ့၊ လက်တွေ့ပိုချပေးမယ့်
ခေတ်မီအဆင့်မြင့် အသိပညာ အတတ်ပညာများကို မိမိတို့ရှိပြီးသား အတွေ့အကြုံ ကောင်းများနဲ့
ပေါင်းစပ်ပြီးမြန်မာ့ Triathlon အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန်
ကြိုးစားသွားကြဖို့ လိုအပ်ကြောင်း၊ နည်းပြည်ကောင်း
များပေါ်ထွက်လာစေရန်နှင့် အားကစားသမား ကောင်းများ ရရှိရန်သည် အဓိကအရေးကြီးဆုံး ဖြစ်ကြောင်း၊
အပြည်ပြည် ဆိုင်ရာအိုလံပစ်ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ Triathlon အဖွဲ့ချုပ် (ITU)၊ မြန်မာနိုင်ငံ Triathlon အဖွဲ့ချုပ်နှင့်
မြန်မာ နိုင်ငံကို ယခုလို လာရောက်ပို့ချ သင်ကြားပေးခဲ့သော အပြည်ပြည်ဆိုင်ရာ Triathlon
အဖွဲ့ချုပ်မှ နည်းစနစ်ကျွမ်းကျင်သူ Mr.Peter Clifford ကို အထူးပင် ကျေးဇူးတင်ရှိကြောင်း
ပြောကြားခဲ့သည်။


No comments:
Post a Comment