နေပြည်တော် အောက်တိုဘာ
၁၀
မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ်ကျင်းပမည့် နိုင်ငံတကာ အားကစားပြိုင်ပွဲများဖြစ်ကြသည့် တတိယအကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ်ပြိုင်ပွဲ၊ Super Series ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အာရှဖိတ်ခေါ်ခြင်းလုံးခတ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ ရုံးအမှတ်(၃၁)၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးကို အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က အမှာစကားပြောကြား ရာ၌ တတိယအကြိမ် အရှေ့တောင်အာရှ ဗိုဗီနမ်ပြိုင်ပွဲကျင်းပရခြင်းမှာ မြန်မာနိုင်ငံ၏ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်လျက်ရှိသော အဆင့်အတန်းကို မြင်တွေ့စေရန်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် ဗီယက်နမ်တွင် ကျင်းပမည့် Asian Vovinam ပြိုင်ပွဲနှင့် 29th SEA Games ပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်ရွှေတံဆိပ်များ ဆွတ်ခူးပေးနိုင် ရန်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် (၇)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ Super Series ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲများကိုပါ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် သုံးယောက်တွဲ Regu အမျိုးသား အမျိုးသမီးပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း ပြောကြား သည်။
တတိယအကြိမ် အရှေ့တောင်အာရှ ဗိုဗီနမ်ပြိုင်ပွဲ 3rd South
East Asian Vovinam
Championship 2014 ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (A) ၌ အောက်တိုဘာ ၂၁ ရက်မှ ၂၅ ရက် ထိ၊ အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်၏ ထိပ်သီးအသင်းများ ပိုက်ကျော်ခြင်းပြိုင်ပွဲကို International Sepaktakraw
Federation (ISTAF) Super
Series ကို
အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၂ ရက်ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B) ၌လည်းကောင်း အာရှဖိတ် ခေါ်ခြင်းလုံးပြိုင်ပွဲ Asian Chinlone
Championship ကို နိုဝင်ဘာ ၂ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ပွဲရုံ (A) ၌လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment