ရန်ကုန် အောက်တိုဘာ
၁၀
၂၀၁၄ ခုနှစ်တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတည်ထောင်မှု အထိမ်းအမှတ်နှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတို့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် မြန်မာ-ဂျပန်အသင်း (MJA) နှင့် ဂျပန်နိုင်ငံမှ Grape City Inc တို့ ပူးပေါင်း ကျင်းပသည့်
'FRIENDLY
MYANMAR ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့
ပြည်လမ်းရှိ အမျိုးသား ပြတိုက်၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် မြန်မာ- ဂျပန်အသင်းဥက္ကဋ္ဌ ဦးစောလှမင်းက ကြိုဆိုအမှာစကားပြောကြားပြီး ဂျပန်သံရုံးမှ သံရုံးယာယီ တာဝန်ခံ သံမှူးကြီး Mr. Ichiro Maruyama က ဂုဏ်ပြုအမှာစကားပြောကြားကာ ဓာတ်ပုံဆရာ Paul Broman က ဓာတ်ပုံပြပွဲ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ-ဂျပန်အသင်း (MJA) နှင့် Grape City Inc တို့ ပူးတွဲစီစဉ်ထုတ်လုပ်သည့် “ FRIENDLY MYANMAR “ ဓာတ်ပုံအထူးစာအုပ်(၂၀၀)နှင့် “ Friendly Myanmar 2015 Calendar “ စောင်ရေ ၂၀၀၀ တို့အား Grape City Inc မှ
ဒါရိုက်တာ John E. Broman နှင့် Joshua Broman တို့က ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ပေးအပ် လှူဒါန်း သည်။
ဓာတ်ပုံပြပွဲတွင်
Friendly Myanmar ဓာတ်ပုံအထူးစာအုပ်” မှ ရွေးနုတ်ထားသည့် လက်ရွေးစင် ဓာတ်ပုံ(၅၄)ပုံကိုပြ သထားပြီး အဆိုပါဓာတ်ပုံများအား ဓာတ်ပုံပြပွဲနောက်ဆုံးရက်ဖြစ်သည့် အောက်တိုဘာ ၁၈ ရက်နံနက်တွင်
မြန်မာပြည်မှ ကလေးသူငယ်များ ပညာရေးဖွံ့ဖြိုးမှု ရန်ပုံငွေအတွက် လေလံတင်ရောင်းချသွားမည် ဖြစ်သည်။
အဆိုပါဓာတ်ပုံပြပွဲအား ယနေ့မှ (၁၇)ရက်အထိ ရန်ကုန်မြို့ အမျိုးသားပြတိုက် ဖွင့်ချိန်များတွင် မည်သူမဆို အခမဲ့လာ ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment