ရန်ကုန် အောက်တိုဘာ
၁၀
စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး ၌ကျင်းပရာ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးဝင်းတင့်က စားသုံးသူအကာ အကွယ်ပေးရေးဥပဒေပါ အကြောင်း အရာ များကိုလည်းကောင်း၊ မြန်မာနိုင်ငံ စားသုံးသူကြိုတင်ကာကွယ်ရေးအသင်းမှ
တာဝန်ရှိသူတစ်ဦးက ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဈေးကွက်တွင်အာမခံ ချက်ဖြင့် ရောင်းချနိုင်အောင် စေတနာထား ဆောင်ရွက်ရန်ကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် အဆိုပါအဖွဲ့သည် သာကေတစက်မှုဇုန်ရှိ ကောင်းစံခေါက်ဆွဲစက်ရုံ၊ စံစားသောက် ကုန်လုပ်ငန်းစက်ရုံ၊ မြန်မာဗီနီကာစက်ရုံသို့သွားရောက်၍ စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ပတ်သက်သည်များကို အသိပေးဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment