နေပြည်တော် အောက်တိုဘာ
၁၀
၂၀၁၄ ခုနှစ် နိုဝင်ဘာ(၉)ရက်မှ (၁၃)ရက်အထိ ကျင်းပမည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ မတိုင်မီအကြိုညှိနှိုင်းအစည်း အဝေးများဖြစ်သည့် အာဆီယံအပေါင်းသုံးပူး တွဲပြင်ဆင်မှု
အစည်းအဝေးနှင့် အရှေ့အာရှထိပ်သီး အစည်းအဝေး ဆိုင်ရာ ပူးတွဲပြင်ဆင်မှု အစည်းအဝေးတို့ကို နေပြည်တော်ရှိ ဂရင်း အမရာဟိုတယ်၌ အောက်တိုဘာ(၁၀)ရက်တွင် ကျင်းပသည်။
အစည်းအဝေးသဘာပတိအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးအောင်လင်းက ဆောင်ရွက်ပြီး အာဆီယံအပေါင်းသုံးအစည်းအဝေးတွင် အာဆီယံ(၁၀)နိုင်ငံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ အရှေ့အာရှထိပ်သီး အစည်းအဝေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် အာဆီယံနိုင်ငံ များနှင့် အရှေ့အာရှဒေသတွင်း နိုင်ငံများဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန် စသည့်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးများတွင် လက်ရှိဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးကိစ္စများအပေါ် အမြင်ချင်း ဖလှယ်ခြင်းနှင့် (၂၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ဆွေးနွေးမည့်ကိစ္စရပ် များကို ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment