ဖြူး အောက်တိုဘာ -၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ပြုပြင်ပြောင်းလဲရေးနှင့်
လုပ်ငန်းသုံးသပ် ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ(၂၇)ရက်၊ နံနက်(၉)နာရီအချိန်က သမဝါယမ
အသင်းစုရုံးခန်း၌ ကျးပပြုလုပ် ခဲ့သည်။
အဆိုပါလုပ်ငန်းသုံးသပ်ညှိနှိုင်းစည်းဝေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်အောင်မှ
အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအောင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု
ကော်မတီဥက္ကဌ ဦးစိန်ထွန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ဦးတို့မှ
သမဝါယမလုပ်ငန်းစဉ်များ အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် သမဝါယမအသင်းစု ချေးငွေလုပ်ငန်းခွဲဥက္ကဌက အဖွင့်အမှာစကားပြေကြားပြီး
CHINA EXIM BANK မှ ချေးငွေ ရရှိပြီးသူ သမဝါယမအသင်းသားတစ်ဦးနှင့် CB Bank ချေးငွေဖြင့်
လယ်ယာသုံး စက်ကရီယာ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိသူ သမဝါယမအသင်းသားတစ်ဦးမှ ကျေးဇူးတင်
စကားပြောကြားသည်။
No comments:
Post a Comment