Friday, October 10, 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အီတလီသမ္မတနိုင်ငံ ရောမမြို့မှ ပြန်လည် ရောက်ရှိ




ရန်ကုန်  အောက်တိုဘာ  ၁၀
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အောက်တိုဘာ()ရက်တွင် အီတလီ သမ္မတနိုင်ငံ ရောမမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးမိသားစုများအား တွေ့ဆုံနှုတ်ဆက်ပြီး ဒေသစံတော်ချိန် (၁၀)နာရီ ()မိနစ်တွင် ရောမမြို့ FIUMICINO အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ သံအမတ်ကြီး ဦးမြင့်နောင်နှင့် သံရုံးဝန်ထမ်းများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စု လွှတ်တော်နာယကနှင့် DAMAC သည် အောက်တိုဘာ()ရက် ဒေသစံတော်ချိန် နံနက်()နာရီ (၄၅) မိနစ်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့သို့ရောက်ရှိကြပြီး DAMAC  မြို့ပြစီမံကိန်းသို့ သွားရောက်၍ စီမံကိန်း လုပ်ငန်းများကို လေ့လာကြသည်။
ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်း မြို့မှ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက် ()နာရီ(၄၅)မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့သည်။

No comments:

Post a Comment