နေပြည်တော် အောက်တိုဘာ
၅
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်သည် နယူးယောက်မြို့တွင် ကျင်းပသည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့
တက်ရောက်ပြီး အောက်တိုဘာ(၄)ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိသည်။ ပြည်ထောင်စုဝန်ကြီးသည်
(၆၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် စက်တင်ဘာ(၂၉)ရက်က အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည်
ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်စဉ် အတွင်း အာရှပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ(အေစီဒီ)
နိုင်ငံခြားရေးဝန်ကြီးများ နံနက်စာအလုပ်သဘော အစည်းအဝေး၊ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု
အပြည်ပြည်ဆိုင်ရာ ညီလာခံမှချမှတ်ထားသည့် လုပ်ငန်းအစီအစဉ် တိုးတက်မှု အခြေအနေကို ဆွေးနွေးသည့်
ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၉)ကြိမ်မြောက် အထူး အစည်းအဝေး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ
ကြီးမှူးပြုလုပ်သည့် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး ၂၀၁၄ နှင့် နယူယောက်မြို့ရှိ ရေးလ်ကလပ်တွင်ပြုလုပ်သည့်
သတ္တမအကြိမ်ကမ္ဘာလုံး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲများသို့လည်း တက်ရောက်ခဲ့သည်။
နှစ်နိုင်ငံတွေ့ဆုံမှုများအဖြစ် ပြည်ထောင်စုဝန်ကြီးသည်
အာရပ်စော်ဘွားများ ပြည်ထောင်စုဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ms. Reem Al Hashimi ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်
ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Leila Zerrougui ၊ အီတလီဒုတိယ နိုင်ငံခြားရေးဝန်ကြီး
Mr. Lapo Pistelli ၊ ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီး Ms. Maria Angela Holguin
Cuellar ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအတွက် ဘဏ္ဍာရေးဆိုင်ရာ
အထူးပုဂ္ဂိုလ် နယ်သာလန် နိုင်ငံဘုရင့်မိဖုရား Queen Maxima ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
(OIC) အတွင်းရေးမှူးချုပ် Mr. Lyad Ameen Madani ၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr.
Mevlut Cavusoglu ၊ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Mr. Gyan Acharya နှင့် South Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Martin
Khor တို့နှင့်လည်း ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်စဉ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးရာတွင်နှစ်ဖက်စိတ်ဝင်စားသည့် ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး
ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဦးဝဏ္ဏမောင်လွင်သည် နယူးယောက်မြို့တွင် ကုလသမဂ္ဂအစည်းအဝေးများ
တက်ရောက်ပြီးနောက် စက်တင်ဘာ(၃၀)ရက်တွင် ဝါရှင်တန်မြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
Mr. John F. Kerry အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို
ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ဝါရှင်တန်မြို့၌် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ၊
အာရှနှင့်ပစိဖိတ် ဆပ်ကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် Mr. Eni F. H. Faleomavaega ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာလုံခြုံရေးနှင့် အနုမြူ လက်နက် ဖျက်သိမ်းရေးဗျူရို၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး
Mr. Thomas M. Countryman တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

No comments:
Post a Comment