ရန်ကုန်-အောက်တိုဘာ ၎
မြန်မာ-ဂျာမနီ
သံတမန်ဆက်သွယ် ထူထောင်မှုနှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ရှုထောင့်ပြောင်းမဲ့ မြင်ကွင်း
များ အမည်ရှိ ဂီတနှင့် ကာတွန်းပဒေသာပွဲကို ယမန်နေ့ ည(၇)နာရီတွင် ဒဂုံမြို့နယ် အမျိုးသားဇာတ်ရုံ၌
ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီသံ အမတ်ကြီး
H.E. Mr. Christian- Ludwig Weber- Lottsch နှင့်ဇနီး၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)
ပါမောက္ခချုပ် Goethe- Institut ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာနှင့် ဂီတဝါသနာရှင်များ
တက်ရောက် ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ
Goethe- Institut ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mr. Franz Xaver Augustin မှ အခမ်းအနား
ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်
မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ ဂီတပညာရှင်များ၊ ကာတွန်းပညာရှင်များ ပူးပေါင်းဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment