နေပြည်တော်-အောက်တိုဘာ(၂)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်
သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ မိုဟာမက် ဆူဖီအူရ် ရာဟ် မာန်သည် ယနေ့နံနက်
(၁၁)နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသိန်းညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် သံတမန်ရေးရာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။

No comments:
Post a Comment