ရန်ကုန်-အောက်တိုဘာ(၁၂)
ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် သည် အောက်တိုဘာ(၁၁)ရက် နံနက်(၁၁)နာရီခွဲတွင် အထူးစီမံကိန်းကြီးအဖွဲ့(၅)က
တည်ဆောက်နေသော ဘုရင့်နောင်တံတား အမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး
ချဉ်းကပ်တံတားပေါ်၌ ကတ္တရာ ကွန်ကရစ် (AC) ခင်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်မတံတားပေါ်တွင် Decking Slab ခင်းကျင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊
Web Joint များ ဆောင်ရွက်နေမှု၊ လူသွားလမ်းနှင့်
လက်ရမ်းများ ဆောင်ရွက်နေမှု၊ တံတားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို
ကြည့်ရှုစစ်ဆေးပြီး တံတားကြီးပြီးစီးပါက ရန်ကုန်မြို့နှင့် လှိုင်သာယာသို့ သွားလာမည့်
မော်တော်ယာဉ်များသွားလာမှု လွယ်ကူချောမွေ့စေမည် ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများလည်း မြန်ဆန်လာမည်ဖြစ်ကြောင်း
မှာကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားကြီးပေါ်မှ မော်တော်ယာဉ်များဖြင့် ဖြတ်သန်း ကြည့်ရှုစစ်ဆေးပြီး
လှိုင်သာယာ-ဒလ-တွံတေး လမ်းတစ်လျှောက် ဆက်လက်ထွက်ခွာလာရာ ရွှေတောင်ကုမ္ပဏီမှ ဆောင်ရွက်သော
မကျီးကန်-ငှက်အော်စမ်း-ကျိုက်ထော်လမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ ရွှေတောင်လမ်းစခန်း
ရှင်းလင်းဆောင်၌ ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မကျီးကန်-ငှက်အော်စမ်း- ကျိုက်ထော်လမ်းအား
အပိုင်းလိုက် လုပ်ငန်းခွဲ၍ ဆောင်ရွက်နေမှု အခြေအနေနှင့် မြတ်နိုးသူ ကုမ္ပဏီမှ တာဝန်ရှိသူ
တစ်ဦးက ကော့မှူး-ဝါးဘလောက်သောက်-သရက်တော လမ်းအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ
သည်။
ရှင်းလင်းတင်ပြမှုအပေါ်
ပြည်ထောင်စုဝန်ကြီးက လမ်းအင်္ဂါရပ်နှင့်အညီ စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်၊
မိမိတို့တာဝန်ယူဆောင်ရွက်သည့် လမ်းလုပ်ငန်းများ သတ်မှတ်ကာလအတိုင်း ပြီးစီးရေး ကြိုးစားဆောင်ရွက်ရန်တို့ကို
မှာကြားပြီး ကော့မှူး-ဝါးဘလောက်သောက်-သရက်တောလမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
No comments:
Post a Comment