Monday, October 6, 2014

ရန်ကုန်မြို့၌ တရားဝင်ခွင့်ပြုမှုမရှိဘဲ ဆောက်လုပ်ထားသည့် လူနေအဆောက်အအုံ ၁၉၁၁ လုံးရှိ



ရန်ကုန်  အောက်တိုဘာ 
စီးပွားရေးမြို့တော် ရန်ကုန်ကို နိုင်ငံတကာ အဆင့်မီမြို့တစ်မြို့ဖြစ်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိရာ နေအိမ် အဆောက်အအုံများကို စည်းကမ်းစနစ်တကျ တည်ဆောက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် နေသော်လည်းစည်ပင်သာယာရေးနယ် နိမိတ်အတွင်း တရားဝင်ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသဖြင့် တရားစွဲဆိုခံထားရသည့် လူနေအဆောက် အအုံ ၁၉၁၁ လုံးရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီး မဆောင်ရွက်ကြဘူး၊ ခွင့်ပြုမိန့်နဲ့ တရားဝင် ဆောက်လုပ် တာလည်း မလုပ်ဘူး၊ စံချိန်စံညွှန်းမမီတဲ့ အဆောက်အအုံတွေကြောင့် နေထိုင် သူတွေ ဘေးအန္တရာယ်များပါတယ်။ ဒါကြောင့် အခုလိုဆောင်ရွက်ရတာဖြစ်ပါတယ်ဟု” ၎င်းကပြောသည်။
ရန်ကုန်စည်ပင်သာယာရေးနယ် နိမိတ်အတွင်း တရားမဝင်ဆောက်လုပ် ထားသော လူနေအဆောက်အအုံများ အနက် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ၈၄၇ လုံး၊ အနောက်ပိုင်းခရိုင်တွင် ၆၄ လုံး၊ အရှေ့ပိုင်းခရိုင်တွင် ၈၄၂ လုံးနှင့် တောင်ပိုင်း ခရိုင်တွင် ၁၅၈လုံးရှိနေသည်။
ယင်းလူနေအဆောက်အအုံများ သည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှခွင့်ပြုထားသည့် ဒီဇိုင်း ပုံစံနှင့် ကွဲလွဲနေသည့်အဆောက်အအုံများ၊ ခွင့်ပြုထားသည့်အထပ် အရေအတွက်ထက် ပိုမိုဆောက်လုပ် ထားသည့် အဆောက် အအုံများ၊ လျှပ်စစ်ဌာနမှ တာဝန်ယူမှုမရှိဘဲ ဆောက်လုပ်ထားခြင်း၊ မြေအမျိုး အစား မမှန်ကန်ခြင်းတို့ကြောင့် စည်ပင်မှ တရားစွဲဆိုခံထားရသည့် အဆောက်အအုံများ ဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၄ ခုနှစ် ဩဂုတ်၆ ရက်က ထုတ်ပြန်ခဲ့သည့်အဆောက် အအုံဆိုင်ရာ နည်းဥပဒေအခန်း (၂) ၉(ခ)တွင် ကော်မတီက ခွင့်ပြုသည့် အဆောက် အအုံပုံစံနှင့်အညီဆောက် လုပ်ရမည်။ ၉(ဂ)တွင် ကော်မတီက ခွင့်ပြုထားသော အဆောက်အအုံပုံစံ နှင့်ကွဲလွဲခြား နားသည့် အဆောက် အအုံဆောက်လုပ်ရန် အကြောင်း ပေါ်ပေါက်ပါက ကွဲလွဲခြားနားသည့် ပုံစံအတိုင်း ဆောက်လုပ်ခွင့်ရရှိနိုင် ရေးအတွက် ပြင်ဆင်ဆောက်လုပ် လိုသောအဆောက် အအုံပုံစံနှင့်အတူ ကော်မတီသို့ ထပ်မံ လျှောက်ထားရမည်ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတည်ဆောက်ထား သည့် ယခုတရားစွဲဆိုခံထားရသည့် အဆောက် အအုံများမှာ အဆောက် အအုံဆိုင်ရာ နည်းဥပဒေ ၂၂(ဂ)အရ ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနား သည်သာမက အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ စည်းကမ်း ချက်တစ်ရပ်ရပ် ဖောက်ဖျက်ကြောင်း တွေ့ရှိပါက ယင်းအဆောက် အအုံကိုခွင့်ပြုပုံစံနှင့်အညီ သတ်မှတ် ကာလအတွင်း ပြန်လည်ပြုပြင် ဆောက်လုပ်ရန် သို့မဟုတ် လိုအပ်ပါက ပုံစံကွဲလွဲဆောက်လုပ်မှုများအား ဖြိုဖျက်ရန်ညွှန်ကြားခြင်းခံထားရသည့် အဆောက်အအုံများ ဖြစ်သည်။ ရန်ကုန်မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေအိမ် အဆောက်အအုံများကို အထပ်မြင့်တိုက်တာ များအဖြစ် ပြောင်းလဲ တည်ဆောက်မှုသည် ကောင်းမွန် သော်လည်း သတ်မှတ်ထားသည့် စည်းကမ်းဥပဒေများကို လိုက်နာ ဆောက်ရွက်ခြင်းဖြင့်သာ နည်းလမ်းမှန်ကန်စွာတည်ဆောက်ပြရန် လိုအပ်ကြောင်း သိရသည်။

No comments:

Post a Comment