နန်နင်း အောက်တိုဘာ (၆)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ နန်နင်းမြို့၌
ကျင်းပမည့် (၄၅)ကြိမ်မြောက် ကမ္ဘာ့ကျွမ်းဘားတံခွန်စိုက်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရန်
အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့်
ကိုယ်စားလှယ် အဖွဲ့သည် နန်နင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင်ရောက်ရှိကြသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား၊ တရုတ်ပြည်သူ့
သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ နန်နင်းမြို့ ကောင်စစ်ဝန် ချုပ်ရုံးမှ
ကောင်စစ်ဝန်ချုပ် ဦးမြင့်ထွန်း၊ ကွမ်ရှီးပြည်နယ် နိုင်ငံခြားရေးဌာန ဒုတိယညွန်ကြားရေးမှူးရေး
ချုပ် မစ္စစ်ဝိန်းယီနှင့်တာဝန်ရှိသူများက နန်နင်း အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့်
ခေတ္တတည်းခိုမည့် လိယွမ်နိုင်ငံတော်ဧည့်ဂေဟာသို့ရောက်ရှိကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် နန်နင်းမြို့ရှိ ကွမ်ရှီး Higreen လယ်ယာ
ထွက်ကုန်ပစ္စည်း ကုန်စည်စီးဆင်းမှု စင်တာသို့ရောက်ရှိပြီး အရည်းအသွေးစစ်ဆေးရေးဌာနအတွင်း
သစ်သီးဝလံ များအား အရည်အသွေးစစ်ဆေးနေမှုနှင့် ထိန်းချုပ်ခန်း CCTV မှ သစ်သီးဝလံ လက်ကားဈေးအတွင်း
ရောင်းဝယ်နေမှုကို ကြည့်ရှု့ရာ အထွေထွေမန်နေဂျာ မစ္စစ်လင်းကျင့်က လိုက်လံရှင်းလင်း ပြသရာ
ဒုတိယသမ္မတက သိလိုသည်များကိုမေးမြန်းသည်။
ယင်းနောက် ဒုတိယသမ္မတသည် သစ်သီးဝလံလက်ကားဈေးအတွင်း ရောင်းဝယ်နေမှုကို လိုက်လံကြည့်ရှု့ပြီး
Higreen လယ်ယာ ထွက်ကုန်ပစ္စည်း ကုန်စည်စီးဆင်းမှုစင်တာမှ အထွေထွေ မန်နေဂျာ မစ္စစ်လင်းကျင့်အား
အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်သည်။
အဆိုပါစင်တာတွင် ကုန်စည်သိုလှောင်ရန်ဂိုဒေါင်၊ ရောင်းဝယ်ရေးလက်ကားဈေး၊ စီးပွားရေးဝန်ဆောင်မှု၊
တည်းခိုရေး ဆောင်များ ပါဝင်ပြီး သစ်သီးဝလံ၊ဟင်းသီး ဟင်းရွက်၊ စားသုံးဆီ၊ ဆန်၊သကြား၊
ပန်းပင်၊ ပိုးထည်နှင့် အစားအသောက် ပစ္စည်းများအား ရောင်းဝယ်ရေး၊ အချော ထည်ထုတ်ပိုးရေး၊
ပို့ဆောင်ရေး တို့ကိုဝန်ဆောင်မှု ပေးလျှက်ရှိကြောင်း သိရသည်။
ထို့ပြင် စင်တာဝင်းအတွင်း သစ်သီးဝလံအရောင်းဆိုင် (၃၂၀)၊ ဒေသန္တသစ်သီးဝလံ အရောင်းနေရာ
(၃၀၀၀)ကျော် ရှိပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ (၆)သိန်းရှိကြောင်းသိရသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံရေးအတိုင်ပင်ခံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. Ma Biao လီယွမ် နိုင်ငံတော်ဧည့်ဂေဟာ ခန်းမ၌
တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ အားကစား
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း၊
တရုတ် ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ
တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျုဟာမြောက် မိတ်ဘက် နိုင်ငံအဆင့် ဆက်ဆံမှုကို ယခုထက်ပိုမို တိုးမြှင့်ဆောင်ရွက်သွားရေး၊
နှစ်နိုင်ငံ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတို့
ပူးပေါင်း ဆောင်ရွက်သွားရေး၊ စီးပွာရေးနှင့် ရင်းနှီးမြှပ်နှံမှုတို့နှင့် စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
ညပိုင်းတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံရေးအတိုင်ပင်ခံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. Ma Biao တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့
တက်ရောက်ကြသည်။




No comments:
Post a Comment