နေပြည်တော်-အောက်တိုဘာ(၁၂)
လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် အောက်တိုဘာ (၁၁) ရက် နံနက်(၉)နာရီတွင်
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ၊ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်
(၁၄၆)အနီးရှိ ခပေါင်းဆည်ရေသောက် စနစ် တစ်ဆက်တစ်စပ်တည်း စက်မှုလယ်ယာမြေ စနစ်ဧက(၂၀၀၀)စိုက်ကွင်းရှိ
ပုလဲသွယ် စပ်မျိုးစပါး စိုက်ကွင်းသို့ ရောက်ရှိပြီး ခေတ်မီရိတ်သိမ်းခြွေလှေ့စက်ကြီး(၂)စီးဖြင့်
ရင့်မှည့်ဖြစ်ထွန်းနေသော စပါးခင်းများကို တစ်ချိန် တစ်ပြိုင်တည်းရိတ်သိမ်း၍ စပါးများအား
မော်တော်ယာဉ်ပေါ်သို့ ကုန်ထုတ်လမ်းမှ တိုက်ရိုက်တင်ပို့သယ်ယူနေမှု၊ ရိတ်သိမ်းပြီး စိုက်ကွင်းများအား
အဆင့်မြင့်လယ်ထွန်စက်များဖြင့် နွေစပါးစိုက်ပျိုးရန် ထွန်ရေးပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍
ဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ်(၁၀၇)အနီး မြတ်အိနြေ္ဒကုမ္ပဏီ၏ တစ်စပ်တည်း စက်မှုလယ်ယာမြေစနစ်
ဧက (၂၀၀၀) ပုလဲသွယ်စပ်မျိုးစပါးခင်းသို့ ရောက်ရှိကြပြီး ရင့်မှည့်ဖြစ်ထွန်းဝါဝင်းနေပြီး
ရိတ်သိမ်းရန်အသင့် ဖြစ်နေမှုကို စိုက်ကွင်းတစ်ကွင်းချင်းအလိုက်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့်
ဗီယက်နမ်မူရင်းမျိုးပုလဲသွယ်စပ်မျိုးစပါး တစ်ဆက်တစ်စပ်တည်း စိုက်ကွင်းများ၏ မျက်စိတစ်ဆုံး
စိမ်းစိုဖြစ်ထွန်းရင့်မှည့်နေသော မိုးစပါးစိုက်ခင်းများအား စစ်ဆေးကြည့်ရှုပြီး လာမည့်နွေစပါး
ရာသီတွင် ပဲခူးတိုင်းဒေသကြီးအတွင်းဝင်ငွေတွက်ခြေကိုက်ပြီး ဈေးကွက်အလားအလာ အထူးကောင်းမွန်သည့်
ပုလဲသွယ်စပ်မျိုးစပါးများကို မြို့နယ်လုံးကျွတ် ၊ ရွာလုံးကျွတ်စိုက်ပျိုးဆောင်ရွက်နိုင်ကြရန်
ဆည်ရေသောက် စနစ်ခိုင်မာစွာ တည်ဆောက်ပြီးသော စိုက်ကွင်းများကို ရွေးချယ်ဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက်
မဇင်းချောင်းတူးဖော်ခြင်း ၊ခေါင်းဆေးကျွန်းချောင်းတူးဖော်ခြင်းနှင့် စဥ့်အိုးဘိုကွေ့တူးဖော်ခြင်း
လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြည်သူများအတွက် အကျိုးရှိသော လုပ်ငန်းဖြစ်၍ အချိန်မီ
၊ အချိန်ကိုက်ပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားသည်။
ဆက်လက်၍
ပဲခူးမြို့ ခေါင်းဆေးကျွန်းချောင်းတူးဖော်မည့်လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ခေါင်းဆေး
ကျွန်းတံတားမှ ပဲခူးမြစ်အထိ တူးဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စက်ယန္တရားအင်အား၊
ကျွမ်းကျင် ပညာရှင်များ လုပ်သားများ စုပုံသုံးစွဲပြီး အချိန်မီပြီးစီးရေးဆောင်ရွက်ရန်
မှာကြားသည်။
ထို့နောက်
ပဲခူးမြို့ဆည်မြောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိကြပြီး
ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများအားတွေ့ဆုံသည်။
ပဲခူးမြို့နယ်
ရေကြီးရေမြှုပ်မှုမှ ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် မဇင်းတမံမှ ပဲခူးမြစ်ထိ မဇင်းချောင်းအလျား(၂၁၂၂၅)ပေ၊
အနက်(၈)ပေ၊ အောက်ခြေအနက်(၃၆)ပေကိုလည်းကောင်း၊ ရွှေသာလျောင်း လမ်း မဇင်းလက်တက်အား အလျားပေ(၂၅၀)၊
အနက်(၄)ပေ၊ အောက်ခြေ အနက်ပေ(၃၀) ထိလည်းကောင်း၊ ခေါင်းဆေးကျွန်းတံတားမှ ပဲခူးမြစ်ထိခေါင်းဆေး
ကျွန်းချောင်းကို အလျားပေ(၇၄၀၀) အနက် (၇)ပေ၊ အောက်ခြေ အကျယ် (၄၅)ပေထိလည်းကောင်း၊ ပဲခူးမြစ်-တာဝရေတံခါးအထွက်
စဥ့်အိုးဘိုကွေ့တူးဖော်ခြင်းအား အလျား ပေ(၄၁၀၀)၊ အနက်(၁၈)ပေ၊ အောက်ခြေအကျယ်ပေ(၅၀)ထိလည်းကောင်း
တူးဖော်ခြင်းလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး မတ်လအတွင်း ရာခိုင်နှုန်းပြည့်ပြီးစီးအောင်
ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment