Thursday, September 11, 2014

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်မှ လက်ထောက် စီမံခန့်ခွဲရေးမှူးနှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu လာရောက်တွေ့ ဆုံ ဆွေးနွေးသည့် သတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ကုလသမဂ္ဂလက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်မှုအစီအစဉ် လက်ထောက်စီမံခန့်ခွဲရေးမှူးနှင့် အာရှပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu သည် ယနေ့ (၁၁-၉-၂၀၁၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။      




ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး များဖြစ်ကြသော ဦးအေးမြင့်မောင်နှင့် ဒေါက်တာ သက်သက်ဇင်၊ စီမံကိန်းနှင့် စာရင်းအင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန်းလှိုင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍတို့၌ လက်ရှိ ဆောင်ရွက် လျက်ရှိသည့် အခြေ အနေများ၊ မြေအသုံးချမှု မူဝါဒ၊ စီမံအုပ်ချုပ်မှု စီမံကိန်းနှင့် ဥပဒေ ရေးဆွဲပြုစုရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေမှုများ၊ Global Environment Facility (GEF)၏ ရန်ပုံငွေဖြင့် ရာသီဥတုပြောင်းလဲမှု လျော့ပါးရေးဆိုင်ရာ ကဏ္ဍအလိုက် စီမံကိန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် GEF အေဂျင်စီများဖြစ်သည့် UNDP အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အင်းလေးကန်ရေရှည် တည်တံ့ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်း၊ REDD+ Readiness Roadmap ရေးဆွဲရေးလုပ်ငန်း၊ အပူပိုင်းဒေသတွင် ရေသယံဇာတနှင့် အစားအစာ ဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျော့ပါးရေးလုပ်ငန်း၊ အမျိုးသား ပတ်ဝန်းကျင်မူဝါဒ အကောင် အထည်ဖော်ရေး မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် ရေးဆွဲရေး လုပ်ငန်းနှင့် အနာဂတ်ကာလပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment