နေပြည်တော်၊
စက်တင်ဘာလ (၁၁)ရက်
အားကစားဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့်
ပူးပေါင်း၍ အားကစားနှင့် ပညာရေးပေါင်းစပ်မှု လုပ်ငန်း အဖြစ် မြန်မာ့ အားကစား တိုးတက်မြင့်မား
စေရန်အတွက် ရေရှည်စီမံချက်ဖြစ်သော ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ B.Sc (Sports) သင်တန်း များကို
ဒဂုံ တက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားလျှက်ရှိရာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊
ဒဂုံ တက္ကသိုလ်နှင့်
ရတနာပုံတက္ကသိုလ်များတွင် သင်ကြားပို့ချပေးလျှက် ရှိသည့် B.Sc
(Sports) ဒုတိယနှစ် အတွက် သင်ရိုးညွှန်းတမ်းစာအုပ်နှင့် အချိန်ဇယားရေးဆွဲရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက် (၉)နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်
ကော်မတီ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဒုတိယဥက္ကဌ
အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
အဆိုပါ အစည်း အဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှဌေးနှင့် ပါမောက္ခဌာနမှူးများ၊
ရတနာပုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်အောင်မင်း အဆင့်မြင့်ပညာဦးစီးဌာနမှ
ကိုယ်စားလှယ်တစ်ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး) များမှ ကျောင်း အုပ်ကြီးများ၊
မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်ဝင်းကအမှာစကား
ပြောကြားရာတွင် ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်များ တွင် သင်ကြားပို့ချ ပေးလျှက်ရှိသည့်
B.Sc (Sports) ဒုတိယနှစ် သင်ရိုး ညွှန်းတမ်းနှင့် အချိန်ဇယား ရေးဆွဲနိုင်ရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာနရှိ
သက်ဆိုင်ရာ တက္ကသိုလ်များနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ပညာရေးပေါင်းစပ် ဌာနခွဲတို့
ညှိနှိုင်းဆွေးနွေးရန် ဖြစ်ကြောင်း၊ B.Sc (Sports) ပထမနှစ်တွင် ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ် များတွင်
ကျောင်းသား/ကျောင်းသူ (၁၀၅)ဦး တက်ရောက်လျှက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင်
သင်ကြားရမည့် ဒုတိယနှစ်၏ (First Semester နှင့် Second Semester )အား သင်ရိုးညွန်းတမ်းများ
ရေးဆွဲရန်နှင့် သင်ကြားရေး အချိန် ဇယားများ အပြီးသတ်ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ဒုတိယနှစ်တွင်
သင်ကြားပို့ချမည့် ဘာသာရပ် အလိုက် သင်ရိုးညွှန်းတမ်းများ၊ အချိန်ဇယားများကို သက်ဆိုင်ရာ
ကဏ္ဍအလိုက် ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာရပ်နှင့် ကွန်ပျူတာဘာသာရပ်ကို
ဖြည့်စွက်သင်ကြားပေးစေလိုကြောင်း၊ အားကစားဝန်ကြီးဌာန လက်အောက်ရှိ အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲမှ
တာဝန်ရှိသူများ အနေဖြင့် အသေးစိတ် ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း၊ အားကစားအဖွဲ့ချုပ်များ
အနေဖြင့် B.Sc (Sports) သင်ရိုးညွန်း တမ်းတွင် မိမိတို့နှင့်သက်ဆိုင်သည့် သင်ရိုးညွှန်းတမ်းများရေးဆွဲ၍
စာတွေ့၊ လက်တွေ့ သင်ကြားနိုင်ရေး ကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆွေးနွေးအကြံပြုချက်များ
အပေါ် ပွင့်လင်းမြင်သာ မှုများဖြင့် ဆွေးနွေးပေးကြ ရန်နှင့် သတ်မှတ်ကာလအတွင်း သင်ရိုးညွန်းတမ်း
စာအုပ်များ အချိန်မီပြီးစီး၍ သင်ကြားရေး အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား
ပါသည်။
ဆက်လက်၍ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ရတနာပုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်တို့မှ
၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ B.Sc (Sports) ဒုတိယနှစ်အတွက် သင်ရိုးညွှန်းတမ်းစာအုပ်နှင့် အချိန်ဇယားများရေး
ဆွဲထားရှိမှု အခြေအနေများအားလည်းကောင်း၊ ဌာနမှူး၊ ပါမောက္ခများမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက်
ရေးဆွဲထားရှိမှု အသေးစိတ်အခြေအနေများအားလည်းကောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲမှ
ညွှန်ကြားရေးမှူး ဦးရဲမြင့်ထွန်းမှ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်၍ လုပ်ငန်းဆောင်ရွက်
ထားရှိမှုအခြေအနေများ အားလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်အတွင်းရေးမှူးမှ
အားကစားနည်း အလိုက် စာတွေ့ လက်တွေ့ သင်ကြားပို့ချပြသမည့် အားကစားကျွမ်းကျင်သူများ ဆက်စပ်ရရှိနိုင်မည့်
အခြေ အနေများအား လည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အသေးစိတ် ရှင်းလင်းတင်ပြရာ
ဒုတိယဝန်ကြီး ဦးဇော်ဝင်းက လိုအပ်သည် များကို ထပ်မံဖြည့်စွက်၍ ဆွေးနွေးခဲ့ ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment