နေပြည်တော်-စက်တင်ဘာ
၁၁
၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေး အဆောက်အအုံဖြစ်မြောက်ရေး
အထောက်အကူအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ် အင်စတီကျူ့နှင့် အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးတွဲ၍
''International High Level Conference on Beyond AEC 2015: ASEAN Financial Integration"
ညီလာခံ ကို ယခုလ(၃)ရက်နှင့် (၄)ရက်တို့တွင်
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ကျင်းပခဲ့သည်။
အဆိုပါကွန်ဖရင့်တွင် အာရှဖွံ့ဖြိုးရေးဘဏ်အင်စတီကျူ့နှင့်
အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အထူး ဖိတ်ကြားချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ
ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း တက်ရောက်၍ ဟောပြောဆွေးနွေးသူ (Speaker) အဖြစ်
ဆောင်ရွက် ခဲ့သည်။
ကွန်ဖရင့်တွင် ၂၀၁၅ အာဆီယံစီးပွားရေး အဆောက်အအုံနှင့်
ပတ်သက်သော အကြောင်းအရာ ခုနှစ်ရပ်ကို ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးသည် ကွန်ဖရင့်ဒုတိယနေ့တွင် '' Implication of Financial Integration on
Inclusive Growth and
Rebalancing'' ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
ဒုတိယဝန်ကြီးက အာဆီယံစီးပွားရေး အဆောက်အအုံဖွဲ့စည်းရေးကို
အာဆီယံခေါင်းဆောင်များက ၂၀၀၇ ဇန်နဝါရီလတွင်ကျင်း ပသော (၁၂)ကြိမ်မြောက် အာဆီယံထိပ်သီး
အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း၊ အာဆီယံကို ဒေသတွင်းကုန်စည်ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊
ကျွမ်းကျင်လုပ်သားများနှင့် ငွေကြေးအရင်း အမြစ်များ လွတ်လပ်စွာစီးဆင်းနိုင် သည့် ဒေသကြီးတစ်ခု အဖြစ်ဖန်တီးရန်အတွက်
အာဆီယံနိုင်ငံများ၏ ဘဏ္ဍာရေး ပေါင်းစည်းမှုလိုအပ်လာကြောင်း။
အာဆီယံဘဏ္ဍာရေး ပေါင်းစည်းမှုမှာ ဘဏ္ဍာရေး ဝန်ဆောင်မှု များ
ဖြေလျော့ရေး၊ ငွေကြေး အရင်းအနှီး များ ဖြေလျော့ မှုနှင့် ငွေကြေးဈေးကွက်တို့ ဖွံ့ဖြိုးရေးတို့ဖြစ်ကြောင်း၊
အာဆီယံဘဏ္ဍာရေးပေါင်းစည်းခြင်းဖြင့် စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုပြည်တွင်း အရင်းအမြစ်များ
တိုးတက်မှု၊ ပြည်တွင်းကုမ္ပဏီများနှင့်အိမ်ထောင်စုများ၏ ငွေဖြစ်လွယ်မှု အပေါ် ချုပ်တီးမှုများလျှော့ချနိုင်ခြင်း
စသည့်အကျိုး တရားများရရှိသော်လည်း အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံများ၏ ကွဲပြားမှုများ များပြားသဖြင့်
ယင်းတို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း၊ သို့အတွက် ၂၀၁၅ တွင် အဆင်သင့် ဖြစ်သော
နိုင်ငံများကဖွင့်ပေးပြီး အဆင်သင့် မဖြစ်သေးသော နိုင်ငံများက အဆင် သင့်ဖြစ် အောင်ပြင်ဆင်မှုလုပ်သည့်
စနစ်သည်အကောင်း ဆုံးဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment