နေပြည်တော်
စက်တင်ဘာ ၁၁
၂၀၁၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျရောက်သည့်
ကမ္ဘာ့စာပို့တိုက်နေ့ (World Post Day) အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ လူငယ်များပေး စာရေးပြိုင်ပွဲကို
ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU)တို့၏
ပူးတွဲကြီးမှူးသည့် အစီအစဉ်အဖြစ် အသက် (၁၅)နှစ်နှင့်အောက် နိုင်ငံတကာ လူငယ်များ ပေးစာရေးပြိုင်ပွဲ
ကျင်းပပေးခဲ့သည်။
"Write a letter describing how
music can touch lives" ဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်းအဆင့် အင်္ဂလိပ်ဘာသာဖြင့်
ပေးစာရေးယှဉ်ပြိုင်ပွဲကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့်
ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၆ ရက်က မြို့နယ်များအလိုက် အခြေခံပညာ ကျောင်းများ၌
ကျင်းပပေးခဲ့သည်။
ပြည်တွင်းအဆင့် ပထမဆုကို ပဲခူးတိုင်းဒေသကြီး
အထက(၂) ညောင်လေးပင် န၀မတန်းမှ မောင်အောင်သူရဖြိုး၊ ဒုတိယဆုကို အလက(၄) မော်လမြိုင် အဋ္ဌမတန်းမှ
မစွဲမက်နှင့် တတိယဆုကို အထက(၃) ချောက် အဋ္ဌမတန်းမှ မချမ်းမြေ့မိုးတို့ကလည်းကောင်း၊ နှစ်သိမ့်ဆုသုံးဆုကို
အထက (၂) စမ်းချောင်း အဋ္ဌမတန်းမှ မအေးမြတ်ချယ်၊ အထက (၁) သာယာဝတီ အဋ္ဌမတန်းမှ မမေသဉ္ဇာခင်၊
အထက(၁)မြင်းခြံ အဋ္ဌမတန်းမှ မဝင်းဝင်းအိတို့ ကလည်းကောင်း၊ အထူးဆုသုံးဆုကို အထက(၆) လားရှိုး
န၀မတန်းမှ မောင်စိုင်းဆိုင်လင်း၊ အထက(၁) ထားဝယ် အဋ္ဌမတန်းမှ မခြူးခြူးသော်တာ ထွန်းနှင့်
အထက(၆) တောင်ကြီး အဋ္ဌမတန်းမှ မောင်ထွန်းထွန်းအောင်မင်း တို့ကလည်းကောင်း ရရှိကြသည်။ နိုင်ငံတကာလူငယ်များ
ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ပထမဆုရှင် မောင်အောင်သူရဖြိုး၏ ပေးစာရေးစာမူကို
ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ်သို့ ဆက်လက်ပေးပို့၍ နိုင်ငံတကာအဆင့်သို့
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment