မြိတ် စက်တင်ဘာ ၁၁ ရက်
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ် ရေသယ်ယာဉ်နှင့် လုပ်ငန်းသုံးပစ္စည်းများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့နယ် မီးသတ်စခန်းများအား
ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်မီးသတ်စခန်းများ အတွက်
မီးသတ်ရေသယ်ယာဉ် (၄)စီးနှင့် လုပ်ငန်းသုံးပစ္စည်းများ စက်တင်ဘာလ(၉)ရက် ညနေ(၆)နာရီက မြိတ်ခရိုင်မီးသတ်
ဦးစီးဌာနသို့ ရောက်ရှိ လာကြောင်း သိရှိရသည်။ မီးသတ်ရေသယ် ယာဉ်မှာ ရေဂါလံ(၁၂၀ဝ)ဆန့်ပြီး
မီးငြိမ်းသတ်ရန် ပိုက်ခေါင်း(၂)ခု ပါရှိ သည်။
အဆိုပါ မီးသတ်ရေသယ်ယာဉ်များတွင် မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မီးသတ်စခန်းများအတွက်
စခန်းတစ်ခုလျှင်(၁)စီး စီနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံ(၂၇)စုံ၊ အပေါ့စားမီးသတ်စက်(၁)လုံး၊
အသက်ရှု ကိရိယာ(၄)လုံး၊ အသက်ရှု ကိရိယာ လေဖြည့်စက်(၁)လုံး၊ အမြုပ်လုပ်ဆေးရည်(၁)ပီပါ၊
ရေမှုန့်ပစ် သေနတ်(၁)စုံ၊ မီးငြိမ်းသတ်ရေး လုပ်ငန်းသုံး ပစ္စည်း(၁၀)မျိုး၊ ကယ်ဆယ်ရေးလုပ်ငန်းသုံး
ပစ္စည်း(၇)မျိုးတို့ကို မီးဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရှိရသည်။
ဆက်လက်ပြီး မီးသတ်စခန်းများ အား မီးငြိမ်းသတ်ယာဉ်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment