နေပြည်တော်၊
စက်တင်ဘာ ၁
သြဂုတ် ၂၉ ရက်က မူးယစ်တပ်ဖွဲ့စု(၄၂) ရန်ကုန်အနောက်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊
ဗညားဒလလမ်း၊ သပြေကုန်း ရပ်ကွက်၊ မဆလာစက် မှတ်တိုင် အနီးတွင် မြင့်အောင် ဆိုသူ မောင်းနှင်ပြီး
မောင်မောင်အောင် ဆိုသူ လိုက်ပါ လာသည့် 9C
/ 3422၊ Mark II ယာဉ်အား သတင်းအရ ရှာဖွေရာ WY/R စာတမ်းပါ နီညိုရောင် စိတ်ကြွ
ရူးသွပ်ဆေးပြား တစ်သိန်း ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
စစ်ဆေး ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ
ရောင်းချခိုင်းသူ မရမ်းကုန်းမြို့နယ်၊ (၆) ရပ်ကွက်၊ ကုန်းမြင့်ရိပ်သာလမ်း၊ အမှတ် (၁၈-၅)နေ
Natural Force Co.Ltd ကုမ္ပဏီပိုင်ရှင် ဖြစ်သူ ရဲထွန်းကျော်
နှင့် ဇနီး မခင်သန္တာဝင်း တို့၏ နေအိမ်အားရှာဖွေရာ မခင်သန္တာဝင်းအား တွေ့ရှိပြီး နေအိမ်အပေါ်ထပ်
အခန်းတွင်းမှ ခရီးဆောင်အိတ် (၂)လုံးဖြင့် ထည့်လျှက် WY/R
စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝ၁ယဝဝဝ ပြား၊ ဘိန်းဖြူဘလောက်တုံး တစ်တုံး
(အလေးချိန် ၃၅ဝ ဂရမ်)၊ ၉ မမ ပစ္စတို သေနတ် (၁) လက်၊ ကျည်ကဒ် ၂ ခု၊ ၎င်းကျည် ၁၃ တောင့်၊
ပွိုင့် ၃၅ မမ ပစ္စတိုသေနတ် (၁)လက်၊ ကျည်ကဒ်တစ်ခု၊ ၎င်းကျည် (၇) တောင့် တို့အား သိမ်းဆည်းရမိသဖြင့်
စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းပြားဖမ်းဆီး ရမိသောအမှုတွင် မောင်မောင် အောင် (၃၇ နှစ်)၊
မြင့်အောင်(၅၈ နှစ်)၊ မခင်သန္တာဝင်း (၃၅ နှစ်) နှင့် ရဲထွန်းကျော် (၃၅ နှစ်) တို့ ၎
ဦး အပေါ် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း၊ မယ (ပ) ၂၅/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရလည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား
၂ဝ၁ယဝဝဝ ပြား နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုတွင် မခင်သန္တာဝင်း (၃၅ နှစ်)
နှင့် ရဲထွန်းကျော် (၃၅ နှစ်) တို့ ၂ ဦးအပေါ် မရမ်းကုန်းမြို့မ ရဲစခန်း မယ(ပ) ၈/၂၀၁၄၊
မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)
/၂၁ အရ လည်းကောင်း အရေးယူထားကြောင်း သတင်းရရှိသည်။




No comments:
Post a Comment