နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mme Pany
YATHOTOU ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးလည်ပတ်ရန်နှင့် (၃၅) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ
တက်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ် များ ဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာစိုးရင်၊ ဦးဇော်မြင့်ဖေ၊
ဦးခင်မောင်ရီ၊ ဦးညွန့်တင်၊ ဦးညွန့်လှိုင်၊ ဦးဝင်းသန်း၊ ဒေါ်ရီရီမြင့်၊ ဒေါ်မြင့်မြင့်စန်း၊
ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၄၅၅ နာရီအချိန် လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘုမ္မိလေဆိပ်သို့ ဒေသစံတော်ချိန် ၁၇၀၀ ချိန်တွင်
ရောက်ရှိခဲ့ကြသည်။ လေဆိပ်တွင် ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ
သံအမတ်ကြီး ဦးဝင်းမောင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) စစ်သံမှူး ဗိုလ်မှူးချုပ်ချစ်ဆွေနှင့်
သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်
အဖွဲ့ဝင်များသည် လေကြောင်း ခရီးဖြင့် ဆက်လက်ထွက်ခွာလာရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊
ဗီယင်ကျန်းမြို့၊ Wattay International Airport သို့ ဒေသ စံတော်ချိန် ည ၂၀၅၀ နာရီချိန်
တွင် ရောက်ရှိကြပြီး လေဆိပ်၌ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ကာကွယ်ရေးနှင့်
လုံခြုံရေးကော်မတီကော်ဥက္ကဋ္ဌ Hon. B.G Vilay Duangmany ၊ စီးပွားရေးစီမံကိန်းနှင့် ငွေကြေးကော်မတီဒုတိယဥက္ကဋ္ဌ
Hon. Dr. Mrs. Buakham Thipphavong နှင့် တာဝန်ရှိသူများ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
ဆိုင်ရာ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် သံရုံးဝန်ထမ်းများက
Wattay International Airport တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
No comments:
Post a Comment