Friday, September 12, 2014

မြန်မာနိုင်ငံအာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီစည်းဝေး


နေပြည်တော် စက်တင်ဘာ ၁၂
မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီအစည်းအဝေး (၇/၂၀၁၄) ကို ယနေ့ နံနက် ၁၀ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ်ကာလ အတွင်း ASEAN Awareness မြှင့်တင်ရန်၊ အာဆီယံနိုင်ငံများနှင့် ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာ အပြန်အလှန် နားလည်သဘောပေါက်ရန်နှင့် မြှင့်တင်ရန်အတွက် ASEAN Cultural Fair 2014 ကို အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသွားရန်ရှိပါ၍ လိုအပ်သည့်စီမံ အုပ်ချုပ်မှုဆိုင်ရာ ပြင်ဆင် ဆောင်ရွက်ထားမှုများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း။

အာဆီယံအနုပညာပွဲတော် ၂၀၁၄ (ASEAN  Cultural  Fair 2014) ကို ၂၀၁၄ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူသော မြန်မာနိုင်ငံအနေဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပမည့် အဆိုပါအနုပညာပွဲတော်သို့ အာဆီယံနိုင်ငံများမှ ဂီတပညာရှင် များ လာရောက်ဖျော်ဖြေ ကြရန်ရှိကြောင်း၊ ပွဲတော်ကာလအကြို အာဆီယံနိုင်ငံများ၏ ရိုးရာမုန့်များ ရောင်းချပွဲ၊ အာဆီယံနိုင်ငံများ၏ အနုပညာလက်ရာပစ္စည်းများ ရောင်းချပွဲအပြင် အာဆီယံနိုင်ငံများ၏ ရိုးရာ ဝတ်စုံများနှင့် ပြသမည့် အာဆီယံဖက်ရှင် ရှိုးများကိုပါ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ပြသသွားမည့် အစီအစဉ်များအတွက် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနှင့် “ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်း ဝေစည် အာဆီယံ အသိုက်အဝန်းဆီ” ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ပြသနိုင်ရေးမှာကြားသည်။

ထို့နောက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment