ပျဉ်းမနား၊ စက်တင်ဘာ - ၁၂
HIV/AIDS ရောဂါဆိုင်ရာကျန်းမာရေးအသိများ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်
သိရှိ နားလည်ပြီး အကာအကွယ်ပစ္စည်းဖြစ်သည့် ကွန်ဒုံးကိုစနစ်တကျအကျိုးရှိစွာ အသုံးပြုတတ်လာစေရန်အတွက်
နေပြည်တော် ပျဉ်းမနားမြို့နယ် ခုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီး၌
ဦးတည်အုပ်စုများတွင် ရာနှုန်းပြည့်
ကွန်ဒုံးအသုံးပြုရေး စီမံချက်လုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးကော်မတီ ဥက္ကဌ မြို့နယ် AIDS ရောဂါကာကွယ်ရေးကော်မတီ ဥက္ကဌ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်လှလှကြည်က ရာနှုန်းပြည့်ကွန်ဒုံး
အသုံးပြုရန် အရေးပါပုံနှင့် ကွန်ဒုံးအသုံးမပြုလျှင်ဖြစ်ပွားခံစားရမည့် ကျန်းမာရေး/လူမှုရေးဆိုင်ရာ
ဆိုးကျိုးများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ် ခုတင်(၂၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က
HIV/AIDS ရောဂါဆိုင်ရာများကို အသိပညာပေးဆွေးနွေးပြီး ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့
နေပြည်တော် ပျဉ်းမနားမြို့နယ် အဖွဲ့ ခေါင်းဆောင် ဒေါက်တာအောင်နိုင်က ဦးတည်အုပ်စုများတွင်
ရာနှုန်းပြည့် ကွန်ဒုံး အသုံးပြုရေး စီမံချက်လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များနှင့်
ပညာပေးဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် AIDS ရောဂါကာကွယ်ရေးကော်မတီဝင်များ၊
ခုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ သူနာပြုဆရာ/ဆရာမများ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး
စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရသည်။

No comments:
Post a Comment