Friday, September 12, 2014

ဒလမြို့နယ်တွင် ခြင်ကြောင့်ဖြစ်သောရောဂါများ ဖြစ်ပွားစေရန် ခြင်ထောင်စိမ်းများ အခမဲ့ဖြန့်ဝေ

ရန်ကုန်၊ စက်တင်ဘာ ၁၁
သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်ရောဂါများ အပါအဝင်ခြင်ကြောင့် ဖြစ်ပွားလေ့ရှိသော ရောဂါများ မဖြစ်ပွားစေရေး အသိ ပညာပေးခြင်းနှင့် မြို့နေပြည်သူထူထုသို့ ခြင်ထောင်နှင့် ခြင်ထောင်စိမ်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ရန်ကုန်တောင် ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ စက်တင်ဘာ ၁၀ ရက်နံနက် ၉ နာရီက မြို့နယ် သီရိဇေယျာ နော်ရထာခန်းမ တွင်ကျင်းပခဲ့သည်။

ထိုသို့ပေးအပ်ရာ အသက်ငါးနှစ်အောက် ကလေးငယ်ရှိပြီး အမှန်တကယ်လိုအပ်သော မိသားစုများသို့ ခြင်ထောင်အလုံး ၁၀၀ နှင့် ခြင်ထောင် စိမ်ဆေးဝါးများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၏ ထောက်ပံ့ပေးမှုဖြင့် အခ မဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်ဖြူဖြူ နှင့် သူနာပြုများ မှ ခြင်မကိုက်ရစေရန်နှင့် ခြင်ကြောင့်ဖြစ်ပွားသော ရောဂါအန္တရာယ်များအား အသိပညာပေး ခြင်း၊ တက်ရောက် လာကြသော သားသည်မိခင်များနှင့် ဧည့်ပရိသတ်များအား ခြင်ထောင် ဆေးစိမ်နည်း အဆင့်ဆင့် အား လက်တွေ့သ ရုပ်ပြခြင်း များ ဆောင်ရွက်ကြကြောင်း သိရသည်။          

No comments:

Post a Comment