Thursday, September 11, 2014

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် လက်ထောက်စီမံခန့်ခွဲမှုနှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်-စက်တင်ဘာ ၁၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် လက်ထောက်စီမံခန့်ခွဲမှုနှင့် အာရှပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Haoliang Xu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ(၃)နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။








အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးအောင်သိမ်း၊ ဒေါက်တာဒေါ် သက်သက်ဇင်၊ ဒေါ်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ကယ်ဆယ်ရေးစခန်းများရှိ မိသားစုဝင်များအား ပြန်လည်နေရာချထား ရေး၊ လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့များရရှိရေး၊ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက် ရေးနှင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment