Monday, August 25, 2014

Civil Service Training သင်တန်းဖွင့်ပွဲကျင်းပ




နေပြည်တော်  သြဂုတ်  ၂၅
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဂျမန်ဖောင်ဒေးရှင်း Konard Adenauer Stiftung တို့ ပူးပေါင်းဖွင့်လှစ်သည့် Civil Service Training သင်တန်းကို သြဂုတ်လ ၂၅ ရက် နံနက် (၉း၃၀) နာရီ အချိန်က ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ဖွင့်လှစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး Konard Adenauer Stiftung မှ ဌာနေကိုယ်စားလှယ် Dr Thomas Lawo က ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ပြည်သူ့ဝန်ထမ်းများအတွက် မျိုးဆက်သစ်ဝန်ထမ်းများ၊ မွေးထုတ်ခြင်း၊ ရွေးချယ်ခြင်းနှင့် အရည်အသွေး ရှိအောင် လေ့ကျင့်ပေးခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်း၊ ခေါင်းဆောင်သူများ၏ အရည်အသွေးမြှင့်တင်ခြင်း၊ မဟာဗျူဟာ ဆက်သွယ်မှုကို အခြေခံ၍ ဆောင်ရွက်ခြင်း၊ ပြောင်းလဲမှုနှင့် ပတ်သက်သော ဆောင်ရွက်ဖွယ် ရာစသည့် ခေါင်းစဉ်များကို သင်ကြားပို့ချမည်ဖြစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် ဝန်ကြီးဌာန (၃၀) မှ အရာထမ်းသင်တန်းသား (၅၇) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်သည်။
အလားတူသင်တန်းကို ရန်ကုန်မြို့တွင် သြဂုတ်လ ၂၈ ရက်မှ ၂၉ ရက်ထိ ဆက်လက်ဖွင့်လှစ်မည်ဟု သတင်းရရှိသည်။

No comments:

Post a Comment