နေပြည်တော် သြဂုတ် ၈
၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၁ (MICC- 1) ရှိ မြခန်းမ၌ အရှေ့တောင်အာရှ နျူကလီးယား ကင်းမဲ့ရေးဇုန် စာချုပ်ကော်မရှင် အစည်းအဝေး ကို ကျင်းပသည်။
အဆိုပါ
အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်တို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် အာဆီယံ အတွင်းရေးမှူးချုပ်က အရှေ့တောင် အာရှဒေသ နျူးကလီးယား ကင်းမဲ့ရေးဇုန် စာချုပ်၏ လုပ်ငန်းစီမံချက် (၂၀၁၃-၂၀၁၇) အကောင်အထည် ဖော်နိုင်မှု အခြေအနေကို ရှင်းပြပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက ၎င်းတို့၏ အမြင်များကို ဆွေးနွေးခဲ့ကြသည်။
ကော်မရှင်အဖွဲ့ဝင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက စာချုပ်၏ Protocol
ကို နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံများက ချွင်းချက်များ ထားရှိခြင်း မပြုဘဲ လက်မှတ်ရေးထိုးနိုင်ရေး အတွက် ယင်းနိုင်ငံများ ဆက်လက် ထိတွေ့ ဆက်ဆံသွားရန် အဆင့်မြင့် အရာရှိကြီးများကို တာဝန်ပေးလိုက်သည်။
သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ
No comments:
Post a Comment