Thursday, August 28, 2014

လယ်ယာသုံးစက်ပစ္စည်းများ အရစ်ကျဝယ်ယူနိုင်

မအူပင် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများ သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားကို မအူပင်မြို့ တလုပ်လပ်အရှေ့ကျေးရွာ တောင်သူ ဦးလွင်မော်၏ လယ်မြေတွင် ဩဂုတ် ၂၆ ရက် နံနက် ၉ နာရီက ကျင်းပသည်။

အခမ်းအနားတွင် သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းက နိုင်ငံတော်အစိုးရ အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သော သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် သမဝါယမအသင်းသားတောင်သူများသို့ စိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်း၊ လက်မှု လယ်ယာစနစ်မှဖတ် စရာမှတ်စရာ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း နိုင်ရေးအတွက် ရည်ရွယ်၍ ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သော လယ်ယာသုံး စက်ကိရိယာများကို တောင်သူများသို့ ကာလရှည် အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကိုရီးယားနိုင်ငံမှထုတ်လုပ်သည့် လက်တွန်းထွန်စက်၊ လယ်ထွန်စက်နှင့် စပါးရိတ်သိမ်း ခြွေလှေ့စက်ကိုးမျိုးကို လက်တွေ့ မောင်းနှင် သရုပ်ပြသကြသည်။
လယ်ယာသုံးစက်ပစ္စည်းများကိုတစ်နှစ် အာမခံပေးထားပြီး စက်တစ်လုံး၏ ၁၅ ရာခိုင်နှုန်းပေးသွင်း၍ ကျန်ငွေကို ခြောက်လ တစ်ကြိမ်နှုန်းဖြင့် ခြောက်နှစ်အတွင်း ငွေသွင်းဝယ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးတို့ တက်ရောက်ကြည့်ရှု အားပေးကြပြီး ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ၂၆ မြို့နယ်မှ မြို့နယ် အလိုက် သမဝါယမအသင်းသား တောင်သူများ၊ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရနှင့် တောင်သူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ စုစုပေါင်း ၁၁၀၀ တက်ရောက်ကြသည်။

No comments:

Post a Comment