ဟားခါး ဇူလိုင် ၁
ချင်းပြည်နယ်၊
လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီက ဟားခါး
မြို့နယ်၊ သီးမစ်ဒေသရှိဦးမန်ထားနှင့် တောင်သူ ဦးထောင်နှင်းပိုင် လယ်ဧက(၅)ဧကတွင် တင်း(၃၀၀)
အထက်ထွက်ရှိ နိုင်သည့် ပုလဲသွယ်စပ်မျိုး စပါး(၁၀)တန်း တစ်တန်းလှပ်စနစ်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲနှင့်
စုပေါင်း မြေသြဇာကြဲပက်ပွဲ ကျင်းပသည်။
အဆိုပါပွဲသို့
ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးဟောက်ခင်ခမ်း၊ ပြည်နယ်
အစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကာ
ဒေသခံ တောင်သူများ၏ သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက အထွက်ကောင်းသည့် ပုလဲသွယ်စပ်မျိုးစပါး စိုက်ပျိုးခြင်း အားဖြင့် ဒေသခံ
တောင်သူများ ၀မ်းစာဖူလုံလာမည်ဟု မျှော်မှန်းထားကြောင်းပြောကြားသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟားခါးမြို့ ဂျီတီစီကျောင်းတွင် ဆရာ/ဆရာမများ နေထိုင်ရေး
အဆင်ပြေ စေရန် ဆောက်လုပ်လျက်ရှိသော ၀န်ထမ်းအိမ်ယာ(၄)ခန်းတွဲ ဆောက်လုပ်နေမှုအခြေအနေနှင့်
မြေနေရာများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment