Wednesday, July 2, 2014

တနင်္သာရီမြို့တွင် မော်တော်ဆိုင်ကယ်များအား ဆိုင်ကယ်လိုင်စင် နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေး

တနင်္သာရီ ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးစံသိန်းဦး ဦးဆောင် လျှက် အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်ပူးပေါင်း၍ (One Stop Service) အစီအစဉ်ဖြင့် တနင်္သာရီမြို့နယ် အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား တရားဝင် မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ရည်ရွယ်လျှက် တနင်္သာရီမြို့ မြို့နယ်ခန်းမ၌ ဇွန်လ(၂၈) နံနက် (၉)နာရီ မှစ၍ ဇွန်လ(၂၉)ရက် ညနေအထိဆိုင်ကယ်အမျိုးအစားများအလိုက် သတ်မှတ်နှုန်းထားများအတိုင်း စည်းကြပ် ကောက်ခံ၍ လိုင်စင်များကို နေ့ချင်းအပြီး ဆောင်ရွက်ပေးသည့်အတွက် မြို့နယ်အတွင်းရှိ ဒေသခံ ဆိုင်ကယ်ပိုင်ရှင်များက ကျေးဇူးတင် ၀မ်းသာလျက်ရှိကြသည်။
အဆိုပါ မောင်တော်ဆိုင်ကယ်များအား (One Stop Service) စီမံချက်ဖြင့် တနင်္သာရီမြို့တွင် ဇွန်လ(၂၈)ရက် မှ(၂၉)ရက်နေ့ ညနေအထိ(၂)ရက်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၅၄၂)စီးအား တရားဝင်မှတ်ပုံ တင်ပေးနိုင်ခဲ့ ကြောင်းနှင့် အကယ်၍ တနင်္သာရီမြို့နယ်အတွင်းမှတရားဝင်မှတ်ပုံတင်ရန် အတွက် ကျန်ရှိနေသေးသည့် မော်တော် ဆိုင်ကယ်ပိုင်ရှင်များအား မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဇူလိုင်လ(၄)ရက်နေ့အထိ ဆက်လက် ဆောင်ရွက်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

No comments:

Post a Comment