နေပြည်တော် ဇူလိုင်
၁
(၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး
(47th ASEAN Foreign Misnisters Meeting – AMM )နှင့် ဆက်စပ်အစည်းအဝေးများကို
သြဂုတ် (၈) ရက်မှ (၁၀) ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန
(၁) ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
သတင်းတက်ရောက်ရယူလိုသည့် ပြည်တွင်း/ ပြည်ပ
သတင်းထောက်များအနေဖြင့် www.asean2014.gov.mm
မှ Home Page တွင်ရှိသည့် Upcoming Events ၌ (47th ASEAN Foreign
Misnisters Meeting –AMM ) ကိုနှိပ်၍ Registration Link ကို နှိပ်ကာ MEDIA
REGISTRATION FORM တွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး GO ပြုလုပ်ရန်၊ မှတ်ပုံတင်ခြင်းကို
ဇူလိုင် (၃၁) ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရန်နှင့် ဝင်ထွက်ခွင့်ကတ်များထုတ်ပေးခြင်းကို
အစည်းအဝေးစတင်သည့် သြဂုတ် (၈) ရက် နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန
(၁) ၌ ထုတ်ပေးသွာမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ သတင်းထောက်များအနေဖြင့် နီးစပ်ရာသံရုံးများမှတစ်ဆင့်
ဗီဇာလျှောက်ထားကြရမည် ဖြစ်ကြောင်းနှင့် အစည်းအဝေးနှင့် ပတ်သက်၍ သိရှိလိုပါက အာဆီယံရေးရာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖုန်း - ၀၆၇ - ၄၁၂၂၇၊ ၀၆၇ - ၄၁၂၃၆၀ တို့သို့လည်းကောင်း၊
ပြည်တွင်းအခြေစိုက်နိုင်ငံခြား သတင်းဌာန များနှင့် ပြည်တွင်းစာနယ်ဇင်းများ ဝင်ထွက်ခွင့် ရရှိရေးနှင့်
ပတ်သက်၍ သိရှိလိုပါက သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ဖုန်း - ၀၆၇ - ၄၁၂၁၂၆ သို့လည်းကောင်း
ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment