Sunday, June 29, 2014

စဥ့်ကိုင်မြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာများတွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်း



စဥ့်ကိုင်၊ ဇွန် (၂၈)
စဥ့်ကိုင်မြို့နယ် အနောက်ဘက်ခြမ်းရှိ ဝံပတေ့(မြောက်)ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများရှိ တောင်သူများ စိုက်ပျိုးထားသော ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နေကြာစိုက်ခင်းများသည် မိုးဦးကောင်းမွန်မှုကြောင့် ယခုနှစ်ရာသီတွင် အောင်မြင်ဖြစ်ထွန်းလျှက် ရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရသည်။



အဆိုပါ ဒေသသည် ပန်းလောင်မြစ်ရိုးတစ်လျှောက်တွင် ရှိသောကြောင့် သီးနှံမျိုးစုံစိုက်ပျိုးနိုင်ပြီး ရေခက်ခဲသော ကုန်မြင့်ပိုင်းများ တွင် ရာသီဥတုနှင့် မိုလေဝသဒဏ်ကို ခံနိုင်သော နေကြာကို များသောအားဖြင့် စိုက်ပျိုးကျမှုကို “ ကျနော်တို့ ဒေသက သီးနှံမျိုးစုံ စိုက်တယ်၊ ဒီနှစ်ဆို သူများရွာတွေ မိုးဦးများပြီး နှမ်းတွေသေကုန်တာ၊ ကျနော်တို့ရွာက တောင်သူတွေ တော်တော် ရတယ်၊ မြစ်ရိုး တစ်လျှောက်ဆို ဒီနှစ် ရုံးပတီသီးစိုက်တာ တောင်သူတွေ ဝင်ငွေကောင်းတယ်၊ နေကြာကတော့ တောင်သူတိုင်းလောက် စိုက်ကြ တယ်၊ ရာသီဥတုဒဏ်လည်း ခံတယ်၊ နေကြာခင်းတွေကလည်း တော်တော်ကောင်းတယ်၊ အရင်နှစ်တွေကဆိုရင် ဒီထက်စိုက်ပျိုးကြ တယ်” ဟု တစ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နေကြာစိုက်ပျိုးခြင်းသည် အခြားသီးနှံစိုက်ပျိုးခြင်းထက် ဂရုတစိုက်ဆောင်ရွက်ရခြင်းမျိုးမဟုတ်ပဲ ထွန်ယက် ပြီးနေကြာမျိုး ကြဲ ပတ်ထားရခြင်းကြောင့် လူနှင့်လုပ်အား၊ အရင်းအနှီး များစွာမကုန်ကျပဲ ဈေးကောင်းရလျှင် တောင်သူများ ဝင်ငွေကောင်း မွန်သောကြောင့် ဆီထွက်သီးနှံ နေကြာကို စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment