Thursday, May 1, 2014

၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ သင်တန်းသား/သူအဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် မေ ၁
၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ သင်တန်းသား/သူ ဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉း၀၀) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေး ကောလိပ်ကျောင်း၌ ကျင်းပရာ အခမ်းအနားကို တက်ရောက်လာသူများက ပဉ္စဂုဏံ အဟံဝန္တာမိ အာစရိယဂုဏံ အဟံဝန္တာမိ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာကြီး/ဆရာမကြီးများအား မြတ်ဆရာသီချင်းဖြင့် ပူဇော်ကန်တော့၍ ကန်တော့ခံ ဆရာ/ဆရာမကြီးများက မိမိကိုယ်ကို မိတ်ဆက် စကားပြောကြားသည်။ 

ဆက်လက်၍ ကျောင်းသား/ကျောင်းသူ ဟောင်းများက ဆရာကြီး/ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ပြီး ဆရာကြီး/ဆရာမကြီးများအား ကန်တော့ပစ္စည်းဖြင့် ပူဇော်ကာ အငြိမ်းစား ကျောင်းအုပ် ဆရာ/ဆရာမကြီးများ က ဆုံးမသြ၀ါဒစကား ပြောကြားသည်။
ထို့နောက် ထားဝယ်ပညာရေးကောလိပ် တပည့်ဟောင်းများ (ကိုယ်စား ) ကိုကျော်ဇင်ထွေးက ကျေးဇူးတင်စကား ပြောကြားပြီး တက်ရောက်လာသူများက သာဓု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားကို အငြိမ်းစားကျောင်းအုပ်ဆရာ/ဆရာမကြီး(၁၂၀) ဦး၊ ကျောင်းသား/ကျောင်းသူဟောင်းများ (၈၀၀) ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment