Saturday, April 26, 2014

ကြို့ပင်ကောက်မြို့နယ်တွင် စာပေရေချမ်းစင် (Mini Book Corner)များစတင်ဖွင့်လှစ်

ကြို့ပင်ကောက်    ဧပြီ (၂၅)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများစာအုပ်စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးနှင့် ဝန်ထမ်းများက


စာပေ ရေချမ်းစင်(Mini Book Corner)(၇)ခုကို လူစည်ကားရာနေရာများဖြစ်သော မြို့လည်ချောင်းကျေးရွာ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ စစ်မှုထမ်း ဟောင်းကားဂိတ်၊ လန်းလန်းဆန်းဆန်းလက်ဘက်ရည်ဆိုင်၊ ဒန့်ဒလွန် ကွင်းကျေးရွာ၊ တမံဆည်ကျေးရွာ၊ သုခအခမဲ့ ဆေးခန်းတို့တွင် ယနေ့နံနက် (၁၀:၀၀)နာရီမှ စတင်၍ ဖွင့်လှစ်ဆောင် ရွက်လျှက်ရှိသည်။
စစ်မှုထမ်းဟောင်းကားဂိတ်မှ ခရီးသွားပြည်သူ(၁)ဦးက ‘‘အခုလိုစာပေရေချမ်းစင်လေး ထားပေးတာ အရမ်း ဝမ်းသာ တယ်၊ ကျွန်တော်ကစာဖတ်ဝါသနာပါတော့အဆင်ပြေတာပေါ့” ဟုပြောကြားသွားသည်။

အဆိုပါ (Mini Book Corner) များတွင် နိုင်ငံရေးစာပေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့်အနုပညာ၊ အားကစား၊ အထ္ထုပ္ပတ္တိ၊ ပြည်သူ့နီတိနှင့် ကလေးသူငယ်ဆိုင်ရာစာပေးများကို ထားရှိသွားမှာဖြစ်ပြီး လစဉ်စာအုပ်များကို အသစ် လဲလှယ်ပေးသွားမှာ ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment