Saturday, April 26, 2014

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တောင်အာဖရိကနိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

နေပြည်တော်-ဧပြီ(၂၇)
၂၀၁၄ ခုနှစ် ဧပြီ ၂၇ ရက်တွင် ကျရောက်သော တောင်အာဖရိက သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ တောင်အာဖရိကသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စ မေတေး အမ် အင်ကိုအာနား မာရှာဘာနေ ထံသို့ ဝမ်းမြောက်ကြောင်း
သဝဏ်လွှာပေးပို့သည်။

No comments:

Post a Comment