Saturday, April 26, 2014

ကရင်လူငယ် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ထားဝယ်၊ ဧပြီ ၂၆
ကရင်လူငယ်နှီးနှော ဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနား ကို ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ (၁၆း၀၀)နာရီ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်ခွဲ၊ ၀ါးဇွန်း အုပ်ကျေးရွာ၌ ပြုလုပ် ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့  ၀န်ကြီးချုပ် ဦးမြတ်ကို၊ KNU ကရင်အမျိုးသား အစည်းအရုံး (မြိတ်/ထားဝယ်ခရိုင်) ဥက္ကဌ ဖဒိုစောဘီလယ်တို့က ကရင်လူငယ်နှီးနှော ဖလှယ်ပွဲဖွင့်ပွဲအခမ်းအနား ကိုဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံ အား တက်ရောက်လာသူများက အလေးပြုကြသည်။

ထို့နောက် KNU ကရင်အမျိုးသားအစည်းအရုံး (မြိတ်/ထားဝယ်ခရိုင်) ဥက္ကဌ ဖဒိုစောဘီလယ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုက အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကိုက ကရင် တိုင်းရင်းသားများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ ထောက်ပံ့ ငွေကျပ်သိန်း (၅၀) အား ကော်မတီ ဥက္ကဌ နော်မေးလ်ဒြက်ထံသို့ ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ ကရင်းတိုင်းရင်းသားများ အတွက် ဗလာစာအုပ်(၅၀) ဒါဇင် နှင့် စာရေးကရိယာများအား KNU ကရင်အမျိုးသားအစည်းအရုံး (မြိတ်/ ထားဝယ် ခရိုင်) ဥက္ကဌ ထံသို့ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ က နှုတ်ခွန်းဆက် စကားပြာကြားပြီး ဖွင့်ပွဲကို ကရင်အမျိုးသားသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

No comments:

Post a Comment