Friday, April 25, 2014

ပျဉ်းမနားမြို့ အာဟာရသုခဈေး မီးဘေးလုံခြုံရေးအတွက် စီမံဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ - ၂၅
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့ရှိ အာဟာရသုခဈေးကြီး မီးဘေးလုံခြုံရေး အတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို


ဧပြီ(၂၅)ရက် နံနက်(၈)နာရီတွင် ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အာဟာရသုခဈေးတာဝန်ခံနှင့်အတူ ရေဂါလံ(၂) သောင်းဆံ့ မီးသတ်ရေကန်များ ရေဖြည့်တင်းထားရှိမှု အခြေအနေ(ပုံ)နှင့် မီဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ကားများ အလွယ်တကူရေရရှိနိုင်အောင် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက ဈေးကြီးတစ်ခုလုံးကို လျှပ်စစ်မီးပေးရာတွင် လုံခြုံရေးမီးနှင့် ဈေးမီးတို့ကို မိန်းဘရိတ်ကာတစ်ခုစီ သီးခြားတပ်ဆင် အသုံးပြုထားခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရုံများအတွင်း လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှုနှင့် ကြံ့ခိုင်မှု ရှိ/မရှိတို့ကို ကြည့်ရှု၍ လိုအပ်သည်များကို အသစ်လဲလှယ်ခြင်း၊ ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်းများဖြင့် ကြိုးလိုင်းများ စနစ်တကျရှိစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment