Saturday, April 26, 2014

သမီးကလေးကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ


ရန်ကုန်  ဧပြီ  ၂၅
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဝါးယားကုန်းကျေးရွာအနီး အသစ်ပြန်လည်ထူထောင်နေသည့် သမီးကလေးကျေးရွာသို့ သွားရောက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းအသစ်ဖောက်လုပ်နေမှု၊ အိမ်ရာများ တည်ဆောက်နေမှု၊ လျှပ်စစ်မီး အမြန်ဆုံးလင်းနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်း နေမှုနှင့် သောက်သုံးရေ ရရှိရေးအတွက် အဝီစိတွင်း အမြန် ဆုံးတူးဖော်နိုင်ရန် ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မိုးမကျမီနေအိမ်များ ဆောက်လုပ်ပြီးစီးရေး၊ သမီးကလေး ကျေးရွာ ပြန်လည်ထူထောင်ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ သောက်သုံးရေအလုံအလောက်ရရှိရန် အဝီစိတွင်းများကို အမြန်ဆုံးတူးဖော်ပေးရေး၊
လက်ရှိ ဝါးယားကုန်းကျေးရွာရှိ မူလတန်းကျောင်းကို အလယ်တန်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရေးနှင့် ကျောင်း ဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ပေးရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ လှူဒါန်းသည့် ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က
သမီးကလေးကျေးရွာ ပြည်သူများအား ထောက်ပံ့ပေးအပ်ပြီး GRAND WYNN ENTERPRISES Ltd. မှ ဆန်၊ ဆီ၊ ငါးခြောက်နှင့်အရန်သင့် ချက်ပြုတ်စားသောက်နိုင်သည့် သား၊ ငါးများ တိုးအောင်ဇေယျ ကုမ္ပဏီမှ လက်နှိပ်ဓာတ်မီးများနှင့်အသင့် ချက်ပြုတ်လာသည့် ဟင်းများ ကို သမီးကလေးကျေးရွာ ပြည်သူများအား ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်နှင့် ဦးခင်မောင်စိုးတို့သည် လှည်းကူးမြို့နယ် ဖောင် ကြီးအရှေ့ စံပြကျေးရွာ စက်ကွက်သစ်ရပ်ကွက်၌ စက်ရေတွင်း တူးဖော် နေမှုကို ကြည့်ရှုကြပြီး ကျေးရွာ အတွင်း လမ်းခင်းရန် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။

No comments:

Post a Comment