Friday, January 3, 2014

၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရသူများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ထပ်ဆင့် ဂုဏ်ပြု ညစာ စားပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂
၂၀၁၂ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရသူများအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ ထပ်ဆင့် ဂုဏ်ပြု ညစာ စားပွဲကို ယနေ့ ည (၇) နာရီတွင် တာမွေ မြို့နယ်ရှိ  Sky Star Hotel ၌ ကျင်းပသည်။ ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဖွင့် အမှာစကား ပြောကြားပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးက အမှာစကား ပြောကြားသည်။

ဆက်လက်၍ အကယ်ဒမီ ဆုရရှိသူ (၉) ဦးအား မင်္ဂလာ ကုမ္ပဏီ လီမိတက်မှ ကျပ် (၂၇) သိန်း၊ ရွှေတောင် ကုမ္ပဏီ လီမိတက်မှ ကျပ် (၃၆) သိန်း၊ ဆင်ကိုးကောင် ဖိနပ်မှ ကျပ် (၁၈) သိန်းနှင့် Clover Solution ကုမ္ပဏီက ကျပ် (၂၇) သိန်း လှူဒါန်းကြရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက လက်ခံ ရယူသည်။
ယင်းနောက် ဥ ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာ ဆု ရရှိသူကို ကိုဇော်(အာရုဏ်ဦး) အား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကလည်းကောင်း၊ လက်ပံ ဇတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ရရှိသူ ပြေတီဦး အား ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး ကလည်းကောင်း လက်ပံ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိသူ ဖွေးဖွေးအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယက ဦးစိန်တင် ကလည်းကောင်း ဥ ဇတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရရှိသူ ချောရတနာအား အကယ်ဒမီ ညွှန့်ဝင်းက လည်းကောင်း၊ ကယန်းအလှ ဇာတ်ကားဖြင့် အကောင်းဆုံး ဓာတ်ပုံဆုရရှိသူ အောင်ကိုလတ်အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်မြင့်မြတ် ကလည်း ကောင်း၊ ဥ ဇာတ်ကားဖြင့် အကောင်းဆုံး တည်ဖြတ်ဆုရရှိသူ အကယ်ဒမီများရှင် ဦးဇော်မင်း (ဟံသာမြေ) အား ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ဦးကြည်စိုးထွန်း ကလည်းကောင်း၊ မွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကားဖြင့် အကောင်းဆုံး တေးဂီတ ဆုရရှိသူ ဝင်းကို (ဂီတမှူး) အား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယက ဦးနှင်းမိုးက လည်းကောင်း ၊ ကယန်အလှ ဇာတ်ကားဖြင့် အကောင်းဆုံး အသံထူးချွန်ဆု ရရှိသူ အကယ်ဒမီ ဦးတိုနီ (လင်း) အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်က လည်းကောင်း၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားဖြင့် အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု ရရှိသူ ယွန်းယွန်းအား ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းကလည်းကောင်း အသီးသီးဂုဏ်ပြုဆုများပေးအပ်ကြသည်။ ထိုနောက် ထူးချွန်ဆု ရရှိသူများကိုယ်စား ထပ်ဆင့်အကယ်ဒမီ ပြေတီဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးလူမင်းနှင့် Sky Net  မီဒီယာမှ President  ဒေါ်နန်းမောင်လောင်ဆိုင်း တို့မှ မုဒိတာ စကား ပြောကြားကြသည်။
ဆက်လက်၍ အကျွေး အမွေးဖြင့် တည်ခင်းဧည့်ခံပြီး ရုပ်ရှင်ဗီဒီယို သရုပ်ဆောင်များမှ တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေ ကြသည်။

No comments:

Post a Comment