နေပြည်တော်၊
ဒီဇင်ဘာ ၃
အာဆီယံ
အားကစား သမားများ တည်းခိုရာ အားကစားရွာရှိ Social Zone (Information Counter) တွင်
နိုင်ငံစုံမှ အားကစား သမားများက အကူအညီ
တောင်းခံပါက အခမဲ့ ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း Information Counter၏ ဆက်သွယ်
ဆက်ဆံရေး အရာရှိ မငြိမ်းအိဖြိုးက ပြောသည်။ “ နိုင်ငံတကာက အားကစား သမားတွေက အကူအညီ တောင်းရင်
သူတို့လိုချင်တဲ့ အချက် အလက်တွေ၊ ဖုန်းနံပါတ်တွေကို ရှာပေးတယ်။ သူတို့ သွားရောက်လိုတဲ့
နေရာတွေကို လမ်းညွှန်ပေးတယ်” လို့ ၎င်းက ဆိုသည်။
Information
Counter တွင် ဆီးဂိမ်း နေ့စဉ်သတင်းစာ၊ (အင်္ဂလိပ်၊ မြန်မာ) အချိုရည်ဘူးနှင့် ရေသန့်ဘူးများကို
အခမဲ့ ၀န်ဆောင်မှု ပေးကြောင်း သတင်းရရှိသည်။
No comments:
Post a Comment