Tuesday, December 3, 2013

ဆီးဂိမ်း ကာလတွင် စာနယ်ဇင်းများ အတွက် အခမဲ့ ယာဉ်လိုင်း (၃)လိုင်း ပြေးဆွဲပေးမည်


အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလတွင် စာနယ်ဇင်းများ သွားလာရေး လွယ်ကူ အဆင်ပြေစေရန် အတွက် ပို့ဆောင်ရေး စီမံကိန်း ၀န်ကြီးဌာနမှ အခမဲ့ယာဉ်လိုင်း (၃)လိုင်းကို ပြေးဆွဲပေးမည် ဖြစ်သည်။ အဆိုပါ ယာဉ်လိုင်းများသည့် ပြိုင်ပွဲများ ကျင်းပရာ အားကစားရုံ အားလုံးသို့ တိုက်ရိုက် ရောက်ရှိမည် ဖြစ်ပြီး ၁၅ မိနစ် တစ်ကြိမ် ထွက်ခွာပေးမည် ဖြစ်သည်။

ယာဉ်လိုင်း(၁)
အားကစားရွာမှ လှေလှော် အားကစားပွဲများ ကျင်းပရာ ငလိုက်ဆည် အတွက် ယာဉ်(၄)စီး
ယာဉ်လိုင်း (၂)
အားကစားရွာ- ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း- ကျောက်မျက်ပြတိုက် (IBC) -ရွှေနန်းတော် ဟိုတယ်- ရွိုင်ရယ်ကုမုဒြာ ဟိုတယ်- ဇမ္ဗူသီရိဟိုတယ်- ရွှေပြည်တော် ဟိုတယ်- Emperial Jade ဟိုတယ် အတွက် ယာဉ်(၁၀)စီး
ယာဉ်လိုင်း (၃)

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း- ကျောက်မျက်ပြတိုက် (IBC) -မြင့်မိုရ်နန်းဟိုတယ်၊ Mount Pleasant ဟိုတယ်၊ မြတ်သဉ္စာ ဟိုတယ်၊ ဇေယျာသီရိ အားကစားကွင်း အတွက် ယာဉ် (၁၁)စီး စုစုပေါင်းယာဉ် (၁၄)စီးဖြင့် အခမဲ့ ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်းနှင့် ဒီဇင်ဘာလ (၄)ရက်နေ့မှ စပြီးနံနက် (၇)နာရီမှ ညနေ(၆)နာရီအထိ ယာဉ်လိုင်းများကို စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment