နေပြည်တော်-နိုဝင်ဘာ
၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့ဝင်များနှင့် အတူ
ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် တပ်မတော် ရဟတ်ယာဉ်များဖြင့် ရန်ကုန်မြို့မှ ဧရာဝတီ တိုင်းဒေသကြီး
ငွေဆောင်မြို့နယ်ခွဲသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့်
တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရွက်လှေ
အားကစားပြိုင်ပွဲများကျင်းပမည့် Ngwe Saung Yacht Club & Marina သို့ရောက်ရှိရာ မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ်
ဥက္ကဋ္ဌနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတသည် Ngwe Saung Yacht Club & Marina အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က လိုက်လံရှင်းလင်း ပြသကြသည်။
ယင်းနောက်
Ngwe Saung Yacht Club & Marina ပထမထပ်၌
နိုင်ငံတော်သမ္မတအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေမှုများကို
လည်းကောင်း၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက
ပြိုင်ပွဲများကျင်းပသွားမည့် အစီအစဉ်များကို လည်းကောင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်
ဥက္ကဋ္ဌက အဖွဲ့ချုပ်၏ သမိုင်းကြောင်း၊ အားကစားသမားများအား စခန်းသွင်း လေ့ကျင့်နေမှုနှင့်
ရွက်လှေအားကစားနည်းစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို လည်းကောင်း
ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ်
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီ နာယက ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်သမ္မတက
တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးမှာကြားသည်။
မိမိတို့နိုင်ငံအနေဖြင့်
နှစ်ပေါင်း ၄၄ နှစ်ကြာမှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကို ပြန်လည် ကျင်းပ နိုင်ခြင်းဖြစ်ကြောင်း၊ ယခင်က
အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ရာမှ ယခုကဲ့သို့ ပြန်လည် ကျင်းပနိုင်
သည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် အခွင့်အရေးလေးခုရရှိမည်ဖြစ်ကြောင်း
ပထမအခွင့်အရေးမှာ
မိမိတို့ အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်း များဆောင်ရွက်ခဲ့သည့် အတွက်
နိုင်ငံတကာမိသားစုနှင့်ဆက်ဆံရေးကောင်းမွန်လာ ပြီး ယခုကဲ့သို့နိုင်ငံတကာအားကစားပြိုင်ပွဲ
ကြီးကို ကျင်းပခွင့်ရချိန်တွင် မြန်မာ နိုင်ငံအနေဖြင့် လုပ်ဆောင်နိုင်စွမ်းရှိပါမည်လားဟု
ပြည်တွင်း၊ပြည်ပမှ သံသယရှိ နေသူများရှိကြောင်း၊ထိုသူများကို မြန်မာနိုင်ငံတော်နှင့်
နိုင်ငံသားတို့အနေဖြင့် လုပ် ဆောင်နိုင်စွမ်းရှိသည်ကို ပြသနိုင်မည့်အခွင့်အရေးဖြစ်ကြောင်း၊
ဒုတိယအနေဖြင့်
မြန်မာအားကစားသမားများ၏ စိတ်ဓာတ်၊ စွမ်းရည်၊သန့်ရှင်း စွာ ယှဉ်ပြိုင်မှု၊ရဲစွမ်းသတ္တိရှိမှု
တို့ကို ပြသနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း၊
တတိယအနေဖြင့်
နိုင်ငံတကာမှ အားကစားသမားများ၊လာရောက်လေ့လာ ကြည့်ရှုသူများကို မြန်မာ လူမျိုးများ၏
ယဉ်ကျေးသိမ်မွေ့မှု၊ ဖော်ရွေမှု၊ကူညီ စောင့် ရှောက်မှု၊ကို်ယ်ကျင့်တရားမြင့်မားမှုများကို
ပြသနိုင် မည့် အခွင့်အရေးရရှိမည်ဖြစ် ကြောင်း။
နောက်ဆုံးအနေဖြင့်
နိုင်ငံခြားသားများအနေဖြင့် အားကစားပြိုင်ပွဲများသာမက မြန်မာနိုင်ငံ၏ အခြားစိတ်ဝင်စား
စရာနေရာများကိုပါ လေ့လာခွင့်ရရှိသွားသော ကြောင့် နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်ကို
မြှင့်တင့်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း ။ ထိုသို့မြှင့်တင်နိုင်ခြင်းဖြင့်
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာပြီး ပြည်သူ များအတွက်လည်း အလုပ်အကိုင်နှင့်
အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ် ကြောင်း။
ထို့ကြောင့်
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး အောင်မြင် စွာကျင်းပနိုင်ရေးသည်
နိုင်ငံတော် အစိုးရတာဝန်သာမဟုတ်ပဲ နိုင်ငံသားအားလုံးက ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း
ငွေဆောင်တွင် ရွက်လှေပြိုင်ပွဲများကို နိုင်ငံတကာအဆင့်မီကျင်းပနိုင်ရေးအျတွက် ၀ိုင်းဝန်းကြိုးပမ်း
ဆောင်ရွက် ပေးခဲ့ သည့်မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် အစည်းအဝေးအပြီးတွင် နိုင်ငံတော်သမ္မတသည်
ငွေဆောင် ကမ်းခြေ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရွက်လှေပြိုင်ပွဲ အတွက် ပြင်ဆင်ထားမှုများကို
သင်္ဘောဖြင့် လှည့်လည် ကြည့်ရှုသည်။
မြန်မာနိုင်ငံအနေဖြင့်
ရွက်လှေအားကစားနည်းကို ၁၉၆၁ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပသည့် 2nd SEAP Games တွင် ရန်ကုန်မြို့ အင်းယားကန်၌ ပထမဆုံးထည့်သွင်း
ကျင်းပခဲ့သည့်အပြင် အရှေ့တောင် အာရှဒေသ၏ ရွက်လှေအားကစားနည်း ဦးဆောင်နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ် အနေဖြင့် ရွက်လှေအားကစားနည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပင်လယ်ပြင်ရွက်လှေ အခြေစိုက် စခန်းအား (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအမီ
တည်ဆောက်ခဲ့ရာ တည်ဆောက်မှု လုပ်ငန်း များ ပြီးစီးနေသည့်အပြင် ပြိုင်ပွဲဝင်အားကစားသမား
စခန်းဝင် လေ့ကျင့်လျက်ရှိကြောင်း သိရှိရသည်။
(၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွက်လှေအားကစားပြိုင်ပွဲအား အင်ဒိုနီးရှား၊ မလေးရှား၊
မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ အားကစားသမား ၁၆၀ ကျော်က ပြိုင်ပွဲ
အမျိုး အစား(၁၃)မျိုးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ(၁၅)ရက်မှ (၂၀)ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း
သိရှိရသည်။
No comments:
Post a Comment