Saturday, November 30, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မိန့်ခွန်းပြောကြား


ရန်ကုန်၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ ၎င်းတို့အဖွဲ့ အစည်းများ၏ ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပြီး နိုင်ငံတော်သမ္မတကြီးမှ ပြန်လည်ဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်း များ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် Moderator အဖြစ် ဒေါက်တာရင်ရင်နွယ်၊ ပါဝင်ဆွေးနွေး သူများမှာ မသီတာ(စမ်းချောင်း)၊ စာရေးဆရာ ဦးကျော်ဝင်းတို့က ဆွေးနွေးခဲ့ကြသည်။

တည်ငြိမ်အေးချမ်းသည့် လူ့ဘောင် အဖွဲ့အစည်း ဖော်ဆောင်ရာတွင် လိုအပ် သည့် အမျိုးသားရေးလက္ခဏာ ခိုင်မာစွာ ထွက်ပေါ်လာရေးအတွက် လူထု အခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း တို့ ကို နေ့လည်ပိုင်းမှာ ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment