Friday, October 18, 2013

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကမ္ဘာ့လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံရေးနေ့ အခမ်းအနား၌ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် အောက်တိုဘာ ၁၆
လူသားတို့အတွက် စားနပ်ရိက္ခာ၏ အရေးပါမှုကို သတိမူမိကြစေရန် ရည်ရွယ်ချက် များဖြင့် ၂၀၁၃ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာ စကား ပြောကြားသည်။


အခမ်းအနားသို့  ပြည်ထောင်စု ဝန်ကြီးများ၊  လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ် အစိုးရအဖွဲ့များမှ  စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ  အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ၊  အထူး ဖိတ်ကြားထားသော  ပညာရှင်များ၊ စိုက်ပျိုးမွေးမြူရေး  ထူးချွန်ဆုရရှိကြ သူများနှင့်  တာဝန်ရှိသူများ  တက်ရောက်ကြသည်။
ရှေးဦးစွာ  ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက  အဖွင့်အမှာစကား ပြောကြားရာတွင် နေ့စဉ်တိုးပွားလာ နေသည့်   ကမ္ဘာ့လူဦး ရေအတွက်  စားနပ်ရိက္ခာ ဖူလုံရေးနှင့်   လုံခြုံရေးသည် အဓိက စိန်ခေါ်မှု ကြီးတစ်ရပ်ဖြစ် ပါကြောင်း၊ ကမ္ဘာ့လူဦးရေသည် ခုနစ် ဘီလီယံ အထိရှိကြပြီး လာမည့် ၂၀၅၀ ခုနှစ်တွင် စုစုပေါင်း ကိုးဘီလီယံအထိ တိုးပွား လာနိုင်သည်ဟု ပညာရှင် များက ခန့်မှန်း ထားပါကြောင်း၊ လက်ရှိ အခြေအနေမှာပင်   ကမ္ဘာ့လူသား အားလုံး၏ နေ့စဉ်လိုအပ်သည့် စားနပ် ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် နိုင်ငံအသီးသီး၏  အစိုးရများ အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြ သလို လူတိုင်းသက်တမ်းစေ့ နေထိုင် နိုင်ရေးအတွက်  လုံလောက်သည့် အာဟာရ ပြည့်ဝသော  စားနပ်ရိက္ခာ များ ထုတ်လုပ် ရရှိရန်လည်း  လိုအပ် လျက်ရှိ ပါကြောင်း။
ကမ္ဘာပေါ်တွင်  အသက်ငါးနှစ် အရွယ်ကလေးငယ် လေးဦးတွင်တစ်ဦး သည် ကြီးထွားမှုနှေးကွေးပြီး ကြုံလှိ နေသည့် အခြေအနေ ဖြင့် ရင်ဆိုင်နေ ကြရပါကြောင်း၊  တစ်နည်းအားဖြင့်  ကမ္ဘာပေါ်ရှိ ၁၆၅ သန်းသော ငါးနှစ် အောက်    ကလေးငယ် များသည် အာဟာရချို့တဲ့နေကြပါကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ  ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံသည် ကျန်းမာ မှုအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာ မင်နှင့်သတ္တုဓာတ်များ ချို့တဲ့မှုကိုခံစား နေကြရသည့်အပြင် ဖွံ့ဖြိုးပြီး နိုင်ငံများ က လူဦးရေ ၁ ဒသမ ၄  ဘီလီယံခန့် သည်  ရှိသင့်သည့် ကိုယ်အလေးချိန် ထက်များနေကြပြီး   အဝလွန်ရောဂါ၊  ဆီးချိုရောဂါနှင့် နှလုံးရောဂါ  အပအဝင် ကျန်းမာရေးပြဿနာများစွာနှင့် ရင်ဆိုင်ကြုံတွေ့ နေကြ ရပါကြောင်း။
အဆိုပါ   ပြဿနာများသည် ကမ္ဘာ့ပြည်သူများအတွက် အစား အစာ ဖူလုံမှုနှင့် အာဟာရပြည့်ဝမှု အပေါ် အဓိကစိန်ခေါ်မှု ကြီးဖြစ်နေ ပြီး စားနပ်ရိက္ခာ ဖြည့်တင်းနိုင်မှုစနစ် တည်တံ့ခိုင်မာရေးကို   မီးမောင်း ထိုးပြလျက်ရှိပါကြောင်း။
ကမ္ဘာ့ပြည်သူတိုင်း စားနပ်ရိက္ခာ ရရှိပိုင်ခွင့်၊ အာဟာရ ပြည့်ဝစွာစား သောက်နေနိုင်ခွင့်သည်   ယနေ့ ကမ္ဘာလုံးဆိုင်ရာ အဓိက အကြောင်းတရား  ဖြစ်လာသည်နှင့်အညီ အဖွဲ့ဝင်  နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာနှင့်   အာဟာရ ဆိုင်ရာအမျိုးသား စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းများ ရေးဆွဲချမှတ်ခြင်းသည် မိမိတို့နိုင်ငံ အတွက် သာမက ဒေသတွင်းနှင့်  ကမ္ဘာကြီးအတွက်  မဖြစ် မနေဆောင်ရွက်ရမည့် လုပ်ငန်းများ အဖြစ်    အလေးအနက်ခံယူပါ ကြောင်း။
ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်း ချက်များ ပြည့်မီရေးအတွက် နိုင်ငံအသီးသီးက  ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင်   ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်း မောင်းနှင်အားအဖြစ်  စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား လာခြင်းမှသည် ငတ်မွတ် သူပပျောက်ရေးအစီအစဉ် (Zero Hunger Program) အောင်မြင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြရာ တွင် အခြေခံရိက္ခာ ထုတ်လုပ်မှု ကဏ္ဍကြီးများဖြစ်သည့် လယ်ယာစိုက်ပျိုး ရေးနှင့်သားငါးကဏ္ဍသည် ထိန်းချုပ် နိုင်စွမ်း မရှိသည့် သဘာဝသယံဇာတနှင့် ရာသီဥတုအပေါ် မှီခိုနေရသည့် အတွက် စားနပ်ရိက္ခာ ထုတ်လုပ်ရာမှာ အကန့်အသတ်များနှင့် အခက် အခဲ များရှိနေပါကြောင်း။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့် ရှောက်သွားရန်  အရေးကြီးလာပြီ ဖြစ်သည့် အလျောက် အစိမ်းရောင် စီးပွားစနစ် (Green Economy) ကို ထိထိရောက်ရောက်  အလေးမူ အကောင် အထည်ဖော် ဆောင်ရွက် နိုင်မှသာ စားနပ်ရိက္ခာ ဖူလုံမှုကိုလည်း များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိအားဖြင့် စားနပ်ရိက္ခာ ဖူလုံပိုလျှံလျက် ရှိသော်လည်း လက်ရှိလူဦးရေ သန်း ၆၀ မှ ၂၀၅၀ ခုနှစ်တွင် တိုးပွားလာမည့် လူဦးရေသန်း ၁၀၀ အတွက် ရေရှည်မျှော်မှန်းပြီး ရေတိုရေရှည် စီမံကိန်းများကို ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ နိုင်ငံ၏ လက်ရှိသဘာဝကပေးသည့် အနေအထားများအရ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက်လည်း ပိုလျှံသည်များကို ပံ့ပိုးဖြည့်ဆည်းပေး နိုင်ရန် ဆောင်ရွက်နိုင်သည့် နိုင်ငံ ဖြစ်ပါကြောင်း၊ လူဦးရေ တိုးပွားလာ မှုအတွက် စားနပ်ရိက္ခာ ဖြည့်ဆည်း နိုင်ရေးအပေါ် တွက်ချက်ဆောင်ရွက် ရသလို တစ်ဖက်တွင်လည်း ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်တို့၏  လယ်ယာကဏ္ဍ အပေါ်အကျိုး သက်ရောက် မှုများကို လည်း စီမံ ဆောင်ရွက်လျက် ရှိပါ ကြောင်း။
နိုင်ငံတော်အစိုးရ  အနေဖြင့် နိုင်ငံတော်၏  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အတွက် လူဦးရေ ၇၀ ရာခိုင်နှုန်း မှီခို အသက်မွေးဝမ်းကျောင်း ပြုနေရ သည့် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုး တက်ရေးကို  အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ကို အားလုံးသိရှိ ကြပြီးဖြစ်ပါကြောင်း၊ လယ်ယာ ကဏ္ဍတိုးတက်မှုကို အခြေခံပြီး နိုင်ငံ၏ စီးပွားရေး အခြေခံအုတ်မြစ်ကို တည်ထောင်လျက် အခြေခံလူတန်းစားများ၏ လူနေမှုအဆင့်အတန်း တိုးတက်အောင်တစ်ပြိုင်တည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါ ကြောင်း။

သီးနှံ၊  သားငါးများ  စိုက်ပျိုး မွေးမြူ  ထုတ်လုပ်သူများအနေနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေ မည့် နည်းလမ်းများကို အသုံးပြုရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်ရေး အတွက် ဓာတ်မြေဩဇာနှင့် ဓာတု ဆေးများ၊   ပိုးသတ်ဆေးများကို သတ်မှတ်နှုန်း ထားအတိုင်း ထည့် သွင်းအသုံးပြုရေး၊ သဘာဝမြေဩဇာ တိုးတက်သုံးစွဲရေး၊   အော်ဂဲနစ် နည်းလမ်းများ အသုံးချရေး အတွက် ပညာပေးနည်းလမ်းများ၊   စံပြစိုက်ကွင်းများဖြင့်  လက်တွေ့ပြသ ခြင်းလုပ်ငန်းများကို အားပေး ဆောင် ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်  စီးပွားရေး အကျိုး အမြတ်ရရှိမှု ရှုထောင့်မှသုံးသပ်ပြီး စိုက်ပျိုး သည်မှ ဈေးကွက်ရောက်သည် အထိလုပ်ငန်းစဉ် အဆင့်တိုင်း၌ တောင်သူလယ်သမားများနှင့် တန်ဖိုး မြှင့်ထုတ်လုပ်သူများ   လက်တွေ့ လိုက်နာကျင့်သုံး နိုင်မည့် နည်းပညာများ၊  ခေတ်မီ စက်ကိရိယာများ၊ သိုလှောင်မှုစနစ်များ၊ပြင်ဆင် ထိန်းသိမ်းမှု လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးလာအောင် မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ထို့အပြင်   စားသုံးသူများကို ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာ ရေးနှင့်ညီညွတ်သည့် အစားအစာ များ ဖြည့်ဆည်း ပေးနိုင်ရန် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အသိပညာပေးမှုများ ကို     ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ အထူးသဖြင့် ငါးနှစ်အောက် ကလေးငယ်များနှင့်   ကျောင်းနေ အရွယ်ကလေးသူငယ်များ အာဟာရ ပြည့်ဝ ရေးအတွက် စာသင်ကျောင်းများတွင် အာဟာရဖြည့် အစားအစာ တိုက်ကျွေးမှုများ၊ မိခင်နှင့်ကလေး ကျန်းမာရေး  စောင့်ရှောက်မှု များ၊ ကာကွယ်ဆေး ထိုးနှံမှုများ၊ သွေးလွန် တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများ စသည်တို့ကို ပြည်သူများ အကြား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
စိုက်ခင်းမှသည်   စားပွဲဆီသို့ (Farm to Table ) ဆိုသည့်အတိုင်း စနစ်တကျဟန်ချက်ညီညီ စီမံထိန်း ကျောင်း  ဆောင်ရွက် သွားနိုင်မည့် စားနပ်ရိက္ခာ   ထုတ်လုပ်မှုစနစ်ကို ရေရှည်တည် တံ့ခိုင်မြဲစွာ ထူထောင် ဆောင်ရွက် သွားနိုင် မှသာ မျှော်မှန်း ထားသည့် လူသားတိုင်း စားနပ်ရိက္ခာ ဖူလုံပြီး   အာဟာရပြည့်ဝစွာဖြင့် သက်တမ်းစေ့ ကျန်းမာစွာ နေထိုင် သွားနိုင်ရေး ပန်းတိုင်ကို ရောက်ရှိနိုင် မည်ဖြစ်ပြီး   ဆင်းရဲငတ်မွတ်မှုကို ထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပါ ကြောင်း။
ကမ္ဘာသူ ကမ္ဘာသား  အားလုံး အသက်ရှည်ကျန်းမာပြီး သက်တမ်း စေ့ပျော်ရွှင်စွာ နေထိုင်သွားနိုင်ရန် အတွက် ရည်မှန်းချမှတ် ထားသည့် “အာဟာရပြည့်ဝရေးနှင့်  စားနပ် ရိက္ခာဖူလုံရေး၊ တည်တံ့ခိုင်မြဲသော ရိက္ခာထုတ်လုပ်မှုစနစ် ထူထောင် ပေး” ဆိုသည့် ယခုနှစ် ကမ္ဘာ့စားနပ် ရိက္ခာနေ့ဆောင်ပုဒ်နှင့်အညီ အစိုးရ များ၊ အဖွဲ့အစည်းများ၊ ပြည်သူများ အားလုံး ပါဝင်ကြသည့်   Stake- holders  တစ်ရပ်လုံး၊ ကမ္ဘာ့လူသား အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကမ္ဘာ့လူသား အားလုံး အတွက်”မွေးဖွားသည်မှ   သေဆုံးသည်အထိ” နေ့စဉ်နှင့်အမျှ   သက်ရှင်လှုပ်ရှား နေထိုင်နိုင်ရန် စားရေရိက္ခာသည် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါကြောင်း၊ စားရေရိက္ခာမရှိဘဲ လူသားများ၏ဘ၀ ရှင်သန်ရပ်တည် နိုင်မှုသည်  လုံးဝမဖြစ် နိုင်ကြောင်းကို  အားလုံး သိရှိကြပြီး ဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် နေ့စဉ် စဉ်ဆက်မပြတ်တိုးတက်လျက် ရှိသည့် ကမ္ဘာ့လူဦးရေနှင့်လျော်ညီစွာ  ကမ္ဘာ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုကို လည်း တိုးတက်အောင် အာရုံစူးစိုက် (Focus)  ပြီး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိ ပါကြောင်း။
၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း  စားနပ်ရိက္ခာစိုက်ပျိုးရေး အဖွဲ့ကြီး ထုတ်ပြန်ခဲ့သည့် အစီရင်ခံ စာတစ်ခုတွင် ကမ္ဘာ တစ်ဝန်းထုတ် လုပ်သည့် စားနပ်ရိက္ခာအားလုံး၏  သုံးပုံတစ်ပုံသည်   လေလွင့်အလ ဟဿဖြစ်ခဲ့ရသဖြင့် ကမ္ဘာ့စီးပွားရေး ကို တစ်နှစ်လျှင် ဒေါ်လာဘီလီယံ ၇၅၀ မျှ လေလွင့်ဆုံးရှုံးစေခဲ့ ကြောင်းကို ဖော်ပြထားပါကြောင်း၊ ယင်းဆုံးရှုံးမှုသည်  ရိက္ခာတန်ချိန် ပေါင်း ၁ ဒသမ ၃ ဘီလီယံခန့်ရှိပြီး  တရုတ်နိုင်ငံအပါအဝင် အာရှဒေသ တွင် အဆိုးရွားဆုံးဖြစ်ကြောင်း သိရှိ ရပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထုတ်လုပ်ချိန်၌ ပျက်စီးဆုံးရှုံးမှုများ ရခြင်းဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စားနပ်ရိက္ခာ   အသုံးပြုစားသုံးချိန် တွင် အလဟဿဖြစ်ပြီး လေလွင့် ဆုံးရှုံးရခြင်းများဖြစ်ကြောင်း ဖော်ပြ ထားပါကြောင်း။
ယင်းလေလွင့် ဆုံးရှုံးမှုများသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှု ပြဿနာများကို ကျော်လွှားရန် အတွက် အဓိက စိန်ခေါ်မှုများလည်း ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုတိုးတက် လာခြင်းမှသည် စားနပ်ရိက္ခာဖူလုံရေး ရှေးရှု ဆောင်ရွက် ရသလို ထွက်ရှိလာ သည့် စားနပ်ရိက္ခာများ အကျိုးရှိရှိဖြင့် ထိရောက်စွာ အလေအလွင့်နည်းပါး အောင် စားသုံးနိုင်ရေးကိုလည်း စနစ် တကျစီမံခန့်ခွဲဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆောင်ပုဒ် ဖြစ်သည့် ''Sustainable Food Systems for Food Security and Nutrition," “အာဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ တည်တံ့ ခိုင်မြဲသော  စားရေရိက္ခာ ထုတ်လုပ် မှုစနစ် ထူထောင်ပေး”နှင့် ကိုက်ညီစွာ  လူသားများအတွက်   အမှန်တကယ် အခြေခံလိုအပ်ချက် ဖြစ် သည့်  လူတိုင်းအာဟာရပြည့်ဝစွာ ဖြင့် သက်တမ်းစေ့ သက်ရှည်ကျန်းမာစွာ နေထိုင်စားသောက်နိုင်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးတို့  အတွက် ရေရှည် တည်တံ့ ခိုင်မြဲသော လယ်ယာ ကဏ္ဍစားနပ်ရိက္ခာ ထုတ်လုပ်မှု စနစ်များကို ထူထောင်ပေးနိုင်ရေး၊ အခြေခံ လိုအပ်ချက်များ အပေါ် လေးလေး နက်နက် အာရုံစူးစိုက်ပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် အကောင်အထည် ဖော်ပေးကြခြင်းအားဖြင့် ဤကမ္ဘာ မြေကြီးနှင့်  ဤလူ့ဘောင် ဘ၀ကြီးကို မဝေးတော့သည့် အနာ ဂတ်ကာလတွင်  ပိုမိုထွန်းတောက် သာယာ လှပအောင်  အစွမ်းကုန် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ဖြင့် ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ မြန်မာနိုင်ငံ    ဌာနေကိုယ်စားလှယ် Ms. Bui Thi Lan က နှုတ်ခွန်းဆက် စကားပြောကြားပြီး ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်  စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာ ကို  Video  နှင့် ရှင်းလင်းပြသသည်။
ထို့နောက် ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန၏ မြန်မာနိုင်ငံဆိုင်ရာ   ဌာနေ ကိုယ်စား လှယ်နှင့် အကြီးတန်းသိပ္ပံပညာရှင်   Ms. Madonna C.Casimero က ဒေသအတွင်း  စားရေရိက္ခာဖူလုံရေးနှင့် မြန်မာနိုင်ငံ ၏  ဆန်စပါးသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလားအလာ များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက်   ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဂျပန်သံအမတ်ကြီး၊ ကိုရီးယားသံအမတ်ကြီး၊ အိန္ဒိယ သံ အမတ်ကြီး၊ JICA နှင့်  KOICA တို့မှ ကိုယ်စားလှယ်များအား စိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဂုဏ်ပြု မှတ်တမ်းလွှာများကို  ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများနှင့် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှု ဂုဏ်ပြုမှတ်တမ်း လွှာများ၊ ဝက်မွေးမြူရေး   ဖွံ့ဖြိုးတိုးတက်မှု ထူးချွန်ဆု၊ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုး တိုးတက်မှု  ထူးချွန်ဆု၊  ရေငန်ပုစွန် မွေးမြူရာတွင် သဘာဝမွေးမြူနည်းမှ အထွက်နှုန်း အကောင်းဆုံးဆု၊ ရေချို ငါးမွေးမြူထုတ်လုပ်ရေး  ဂုဏ်ပြုဆု၊ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင် ခြင်းအကောင်းဆုံးဆု၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်း တည်ထောင်ခြင်း  လုပ်ငန်း ထူးချွန်ဆု၊ ပုဂ္ဂလိက သစ်မာစိုက်ခင်း  တည်ထောင်ခြင်း   အကောင်းဆုံးဆု၊ သစ်တောစိုက်ခင်း တောင်ယာသမား ထူးချွန်ဆု၊ ပြောင်းသီးနှံနှင့် စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု စွမ်းဆောင်ရည် ဂုဏ်ပြုဆု၊ လယ်ယာဖွံ့ဖြိုးတိုးတက် ရေး စက်ကိရိယာ ဆိုင်ရာ ဂုဏ်ပြုဆုနှင့်  ဆန်စပါး ထုတ်လုပ်မှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဂုဏ်ပြုဆု၊ လယ်ယာကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စွမ်းဆောင်ရည် ဂုဏ်ပြုဆု၊ ကြံစိုက်ပျိုးထုတ်လုပ်မှု အကောင်း ဆုံးဂုဏ်ပြုဆု၊ ကြံစိုက်ပျိုး ထုတ်လုပ်မှုနှင့် သကြားထုတ်လုပ်မှု ဂုဏ်ပြုဆု၊ လယ်ယာကဏ္ဍပညာပေး ဆောင်းပါး ဂုဏ်ပြုမှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍ ပညာပေး  ကဗျာစာပေ  ဂုဏ်ပြု မှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍပညာ ပေးထုတ်လုပ်မှု  ဂုဏ်ပြုမှတ်တမ်း လွှာ၊ ဆန်စပါးသီးနှံဖွံ့ဖြိုးရေး ဂုဏ်ပြု မှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဓာတ်မြေဩဇာလုပ်ငန်း ဂုဏ်ပြု မှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍပညာပေးတေးသီဆိုမှု    ဂုဏ်ပြု မှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဥယျာဉ်ခြံသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံထုတ်လုပ်ရေးဂုဏ်ပြုဆု၊ စပ်မျိုးစပါး စိုက်ပျိုးထုတ်လုပ်မှု ဂုဏ်ပြုမှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  Tissue Culture ဂုဏ်ပြုဆု၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး   စက်ကိရိယာ ဆိုင်ရာ    ဂုဏ်ပြု မှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဓာတ်မြေဩဇာ ထုတ်လုပ်မှု ဂုဏ်ပြု မှတ်တမ်းလွှာ၊  စပ်မျိုးစပါး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနပညာ ရှင်ဆု၊ အလားအလာ ကောင်းသော စပ်မျိုးစပါး မိဘလိုင်းများ၊ ပြည်တွင်း စပ်မျိုးစပါး   မွေးမြူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း   ထူးချွန်ဆု၊ စပ်မျိုးပြောင်း     မိဘလိုင်းမွေးမြူ ထုတ်လုပ်ပွား များခြင်း သုတေသနနှင့် အထွက်ကောင်း    ရေဆင်းစပ်မျိုး ပြောင်း မျိုးသစ် အောင်မြင်စွာ မွေးမြူ ထုတ်လုပ်ခြင်း ထူးချွန်ဆု၊ ရေဆင်း ပုလဲသွယ်(၁) စပ်မျိုးစပါး မွေးမြူ ထုတ်လုပ်သော သုတေသန လုပ်ငန်း ထူးချွန်ဆု၊စပါးစိုက်ပျိုး ထုတ်လုပ်မှု ထူးချွန် တောင်သူဆု၊ အစေ့ထုတ် ပြောင်း စိုက်ပျိုးထုတ်လုပ်မှု ထူးချွန် တောင်သူဆု၊ မြေပဲစိုက်ပျိုးထုတ်လုပ် မှု  ထူးချွန်တောင်သူဆု၊  နေကြာ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူ ဆု၊  ပဲတီစိမ်း  စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆု၊   စိုက်ပျိုးရေး ပညာပေးရေးပညာရှင် ထူးချွန် ဝန်ထမ်းဆု၊ စိုက်ပျိုးရေး ပညာရပ် ဆိုင်ရာ စာပေထူးချွန်ဆုနှင့် ထူးချွန် ဝန်ထမ်းဆုများကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက်ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး များနှင့် ဧည့်သည်တော်များသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြပြီး ပြခန်းများအား လှည့် လည် ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ခြင်း အစီအစဉ်များကို ဆက်လက်ကျင်းပ ရာ ဒုတိယဝန်ကြီးများနှင့် FAO    ဌာနေကိုယ်စားလှယ် တို့က ထူးချွန် ဆုရရှိကြသူများအား    ဆုများကို အသီးသီးပေးအပ် ခဲ့ကြကြောင်း သိရသည်။          

No comments:

Post a Comment