Sunday, September 13, 2026

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 


နေပြည်တော် စက်တင်ဘာ ၁၂

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းဖြစ်သည့် စက်တပ်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြီးစီးပါက စက်စမ်းသပ်လည်ပတ်ခြင်း၊ စီးပွားဖြစ်ကုန်ထုတ်လုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်မှာကြားသည်။

(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ထံမှ ပေးပို့သည့်သဝဏ်လွှာ

(၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့မှာ ကျွန်မတို့နိုင်ငံ မူလအတိုင်း ပြန်လည်ပြီး တက်တက်ကြွကြွ ပါဝင်လာစေဖို့ အပြည့်အဝထောက်ခံ . . .

 


ဒေါက်တာခိုင်ခိုင်စိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ရှင်းလင်း ဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မဟာဗျူဟာမြောက်ခြေလှမ်းများထဲမှ မြန်မာ - ကမ္ဘောဒီးယားခရီးစဉ်

တံခွန်အောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံများသို့ (State Visit) (Official Visit) ပြည်ပခရီးစဉ်များကို အဆက်မပြတ်သွားရောက်လျက်ရှိသည်။ သွားရောက်ခဲ့သည့် နိုင်ငံများကိုကြည့်လျှင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကို ကနဦး တွေ့ရမည်။ ဤခြေလှမ်းသည် အာရှသို့ခြေလှမ်းများဖြစ်သည်။ ထပ်မံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို တွေ့မြင်ရမည်။ ဤခြေလှမ်းများသည် အာရှတိုက်နှင့် ဥရောပအစပ်သို့လှမ်းခဲ့သော ခြေလှမ်းများဖြစ်သည်။ နောက်တစ်နိုင်ငံသည် ဘယ်လာရုစ်နိုင်ငံဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံသည် အရှေ့ဥရောပတွင်တည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်၏။ ဤခြေလှမ်းကိုလည်း ဥရောပသို့ခြေတစ်လှမ်းအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

 


နေပြည်တော် စက်တင်ဘာ ၁၂

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန် များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ဟုမ္မလင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။