ရန်ကုန် ဩဂုတ် ၂
ဒေသတွင်း ကော်ဖီပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံ ကော်ဖီ အသင်း(MCA)နှင့် ဗီယက်နမ်နိုင်ငံ ကော်ဖီသုတေသနဌာနတို့ ဇူလိုင် ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
ဒေသတွင်း ကော်ဖီပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံ ကော်ဖီ အသင်း(MCA)နှင့် ဗီယက်နမ်နိုင်ငံ ကော်ဖီသုတေသနဌာနတို့ ဇူလိုင် ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
ရန်ကုန် သြဂုတ် ၂
တရုတ်နိုင်ငံ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသားနှစ်ဦးနှင့် ကျောင်းသူသုံးဦးတို့ တက်ရောက်ခွင့်ရရှိကြသည်။
နေပြည်တော် ဩဂုတ် ၃
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး သို့အရောက် ငှက်တစ်ကောင်ဖြင့်တိုက်ခိုက်မှု (Bird Strike) ဖြစ်ပွားပြီး အင်ဂျင်ခန်း အတွင်းသို့ ဝင်ရောက်သဖြင့် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်ရှင်းသည့် အရပ်မျက်နှာဘက်သို့ လှည့်၍ Eject ပြုလုပ်၍ ခုန်ထွက်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ်ရပ်ကွက်(၅)ခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၄၅ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့် ပြည်သူများအားကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက် ဆောင်ရွက် ပေးလျက်ရှိသည်။
ကိုခိုင် (ပြည်တွင်းအခွန်)
နိုင်ငံတော်အစိုးရက ပြည်သူများအတွက် နိုင်ငံတော်၏ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် လိုအပ်သော ဘဏ္ဍာငွေများကို ပြည်တွင်းအခွန်အကောက်နှင့် အခြားရငွေများမှ အဓိကထားကောက်ခံလျက်ရှိပါသည်။